လည်ဂုတ်တွင် ဓားစိုက်လျက် နေအိမ်အထိ လမ်းလျှောက် ပြန်ခဲ့သည့် အမျိုးသမီး

alt

ရုရှားနိုင်ငံမှ အမျိုးသမီး တဦးသည် လည်ဂုပ်တွင် ဓားတန်းလန်း စိုက်နေသည်ကို မသိဘဲ နေအိမ်ရောက် သည်ထိ လမ်းလျှောက် ပြန်လာခဲ့ကြောင်း သိရှိရသည်။ အသက် (၂၂) နှစ်ရှိ ရုံးဝန်ထမ်း ဂျူလီယာ ပိုပိုဗာ သည်

ဖေဖော်ဝါရီလ (၂)ရက် နေ့က နေအိမ်မှ ရုံးသို့ ပြန်လာစဉ် အလစ်သမား တဦးက သူမ၏ လက်ကိုင်အိတ်ကို ဝင်လုရန် ကြိုးစားရာ သူမသည် ကြောက်အား လန့်အားဖြင့် ထွက်ပြေးခဲ့ရသည်။

ထို့နောက်တွင် အန္တရာယ်ကင်းသည့် နေရာသို့ ရောက်လာပြီဟု ယူဆကာ နေအိမ်သို့ ပြန်လာခဲ့ခြင်း ဖြစ် သည်။ သို့သော်လည်း သူမ၏ လည်ဂုပ်တွင် အလစ်သမားက ထိုးစိုက်လိုက်သည့် မီးဖိုချောင်သုံး ဓားတ ချောင်း တဆုံးဝင်ပြီး ပါလာသည်ကို မသိခဲ့ချေ။ 

သူမသည် အိမ်သို့ပြန်ရန်သာ စိတ်စောနေသဖြင့် နာကျင်နေသည်ကို သတိမမူမိသလို ပခုံးပေါ်တွင် စီးကျ နေသည့် သွေးများကိုလည်း ဂရုမစိုက် မိချေ။ ပါပိုဗာ တယောက် အိမ်ပြန် ရောက်ချိန်တွင်မူ အကြီး အကျယ် သွေးပျက် ထိတ်လန့်သွားသည့် သူမ၏ မိဘများက အနီးဆုံး ဆေးရုံသို့ ချက်ချင်း ပို့ပေးခဲ့ရသည်။

ဆရာဝန်များက ဓားသည် ပါပိုဗာ၏ ကျောရိုးနှင့် အလွန်နီးကပ်စွာ စိုက်ဝင်နေကြောင်း တွေ့ရှိခဲ့ပြီး ကျော ရိုးမကြီးကို ထိခိုက်မှု မရှိစေဘဲ ယင်းလက်နက်အား ဖယ်ထုတ် ပေးလိုက်နိုင်ကြောင်း သိရှိရသည်။ အလွန် ကြောက်လန့်နေသည့် စိတ်က သူမ၏ ခန္ဓာကိုယ်မှ နာကျင်မှုကို သတိမမူ မိအောင် ဖုံးကွယ်ပေးထားခဲ့ခြင်း ဖြစ်ကြောင်း ခွဲစိတ် ဆရာဝန် တဦးက မှတ်ချက်ပြု ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here