သမီးငယ် ဆူရီ သရုပ်ဆောင်လုပ်ပါက အစွမ်းကုန် ကူညီမည်ဟု တွမ်ခရုစ် ပြောကြား

alt

သမီးငယ် ဆူရီ အနေနှင့် သရုပ် ဆောင် အဖြစ် ဘဝ ရပ်တည်မှုကို ရွေးချယ်ခဲ့ပါက အစွမ်းကုန် ကူညီ သွားမည် ဖြစ်ကြောင်း ဟောလီးဝုဒ် နာမည်ကျော် မင်းသား တွမ်ခရုစ်က ပြောကြား ခဲ့သည်။

တွမ်နှင့် ဇနီးဖြစ်သူ ဟောလီးဝုဒ် မင်းသမီး ကေတီဟုမ်း တို့သည် (၃)နှစ်သာ ရှိသေးသည့် ဆူရီအား ဟောလီးဝုဒ် ၏ ဖက်ရှင်အကျဆုံး ကလေးမလေး ဖြစ်အောင် ပျိုးထောင်ထားပြီး ဖြစ်သည်။ ဆူရီသည် နယူးယောက်နှင့် လော့စ်အိန်ဂျယ်လိစ်ရှိ ပြဇာတ်ရုံများသို့ မိဘ များနှင့်အတူ သွားရောက်လေ့ရှိပြီး ယခု အရွယ် ကတည်းက သရုပ်ဆောင် အလုပ်အပေါ် စိတ်ဝင်စားနေပြီဟု သိရှိရသည်။

Top Gun ရုပ်ရှင်စတား မင်းသားက ၎င်း၏ သမီး အရွယ်ရောက်လာပြီး မင်းသမီး တဦး ဖြစ်လာမည် ဆိုပါက ထိုအချိန်တွင် ၎င်း အနေနှင့် အလွန်အိုနေ လောက်ပြီဟု ဝန်ခံခဲ့ သည်။ သို့သော်လည်း သမီးဖြစ်သူ အား အနုပညာ မျိုးဆက်အဖြစ် ချန်ထားနိုင်ခဲ့မည် ဆိုပါက စိတ်လှုပ်ရှား ပျော်ရွှင်မိမည်ဟု တွမ်က ဆိုသည်။

အမေရိကန်ထုတ် OK! မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် တွမ်က ၎င်းသည် သရုပ်ဆောင် အလုပ်ကို နှစ်သက် ကြောင်း၊ မတူညီသော ဘဝများ၊ စွမ်းအင်များ၊ ဇာတ်ကြောင်းများကို စိတ်ကူးယဉ် ပုံဖော်ရသည်မှာ အရသာ အလွန်ရှိကြောင်း ပြောကြားခဲ့သည်။ ဆူရီသည် တွမ်နှင့် ကေတီတို့၏ တဦးတည်းသော သမီးလေး ဖြစ်ပြီး (၂၀၀၆) ခုနှစ်၊ ဧပြီလ အတွင်းက မွေးဖွားခဲ့ခြင်း ဖြစ်သည်။ တွမ်သည် ယခုအခါ Knight & Day ဇာတ်ကား ကို မင်းသမီး ကင်မရွန်ဒီယက်စ် နှင့်တွဲပြီး ရိုက်ကူးနေသည်။

ယင်း ဇာတ်ကားသည် (၂၀၀၈) ခုနှစ်က Valkyrie တွင် သရုပ်ဆောင်ခဲ့ပြီး တွမ်၏ ပထမဆုံး ပြန်လည် ရိုက်ကူးသည့် ရုပ်ရှင်လည်း ဖြစ်လာ ခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here