Sybmian OS အား Open Source အဖြစ်ပြောင်းလဲ

alt

Symbian ဖောင်ဒေးရှင်းက ယခုအခါ ၎င်းတို့၏ နာမည်ကျော် Symbian OS ကို Open Source အဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။

Smartphone များနှင့် အခြားသော မိုဘိုင်း ကိရိယာ အချို့တို့တွင် နာမည်ကောင်း ရနေ သည့် ယင်း OS အား Developer များပါ စီမံနိုင်ရန် Open Source အဖြစ် ပြောင်းလဲ တော့မည် ဖြစ်သည်။

ထို့ကြောင့်လည်း Symbian OS အတွက် Application များ အခြားသော ဘာသာစကားနှင့် Program များကို Developer များအနေနှင့် ဖန်တီးနိုင်တော့မည် ဖြစ်သည်။ Symbian ဖောင်ဒေးရှင်း၏ နိုင်ငံတကာ ဆက်သွယ်မှုဌာန အကြီးအကဲ လယ်ရီဘာကင်က Open Source Code များ ထုတ်ပေးလိုက်ခြင်းနှင့် ပတ်သက်ပြီး Code Package ပေါင်း (၁၀၉)ခုကို Source Code အဖြစ် အသုံးချခွင် ပေးသွားမည် ဖြစ်ပြီး ယင်းတို့ကို Download ပြုလုပ်ကာ ပြုပြင်မွမ်းမံခွင့် ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

စစ်တမ်းများ အရ ကမ္ဘာပေါ်ရှိ မိုဘိုင်းကိရိယာနှင့် Smartphone အလုံးပေါင်း သန်း(၃၃၀)ကျော်သည် Symbian OS ကို အသုံးပြုနေပြီး အဓိကအားဖြင့် Nokia၊ Samsung၊ Fujitsu၊ Sharpနှင့် Sony Ericcson ထုတ်ကုန်များတွင် အများဆုံး သုံးစွဲထားကြောင်း သိရှိရသည်။ ကမ္ဘာ့ အကြီးဆုံး မိုဘိုင်းဖုန်း ကုမ္ပဏီကြီး Nokia သည် (၂၀၀၈) ခုနှစ်က Symbian ၏ တစိတ် တဒေသအား ဝယ်ယူပိုင်ဆိုင် ထားကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here