အများလုံးဝ မှတ်မထင်ထားသော နေပြည်တော်က အကယ်ဒမီ ဆုပေးပွဲ

alt

၂၀၀၈ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညက နေပြည်တော်ရှိ လဟာပြင် ကဇာတ်ရုံတွင် ကျင်းပ

ပြုလုပ်ရာ ၂၀၀၈ခုနှစ် အတွင်းက ရုံတင် နိုင်ခဲ့သော ရုပ်ရှင် ဇာတ်ကား ၁၂ ကားမှ ထူးချွန်သော မြန်မာ့ရုပ်ရှင် အနုပညာရှင် များကို ရွေးချယ် ၍ အကယ်ဒမီဆုများ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီ ဆုများကို အများလုံးဝ မှတ်မထင်ထားသော “အများနှင့် မသက်ဆိုင်သော သူ” ဇာတ်ကားမှ အများဆုံး ဆွတ်ခူးရရှိ သွားကြောင်း ကြည့်ရှုလိုက်ရသည်။

ရရှိသော အကယ်ဒမီဆုများ စာရင်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။

အကောင်းဆုံး ဇာတ်ကားဆု – အများနှင့် မသက်ဆိုင်သော သူ (မျက်ခြယ် ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ရေး)

အကောင်းဆုံး ဒါရိုက်တာဆု – ညီညီထွန်းလွင် (အများနှင့် မသက်ဆိုင်သောသူ)

အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု – ခန့်စည်သူ (အများနှင့် မသက်ဆိုင်သောသူ)

အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု – ရဲအောင် (အကယ်ဒမီရှောခ့်)

အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု – မို့မို့မြင့်အောင် (မြင့်မိုရ်ထက်က သရဖူ)

အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု – ခင်မို့မို့အေး  (အများနှင့် မသက်ဆိုင်သောသူ)

အကောင်းဆုံး ဓာတ်ပုံဆု – သန်းညွန့်- ပန်းသာ (ကြိုးတန်း) တို့ဖြစ်ကြသည်။

၂၀၀၈ ခုနှစ် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲတွင် အကောင်းဆုံး ဓါတ်ပုံဆုကို စတင် ရရှိသူ ပန်းသာ (သန်းညွှန့်) မှ ကြိုးတန်း ဇာတ်ကားဖြင့် ဆုရရှိမှု စတင်ခဲ့ပြီး၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ကို အများနှင့် မသက်ဆိုင်သောသူ ဇာတ်ကားမှ သရုပ်ဆောင် ခင်မို့မို့အေး မှ ရရှိခဲ့သည်။ ထို့နောက် အမျိုးသား ဇာတ်ပို့ဆုကို ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးထားသော အကယ်ဒမီရှော့(ခ်)့ ဇာတ်ကားမှ ရဲအောင်မှ ရရှိခဲ့သည်။ ထို့နောက် ယခင်နှစ်က ချီးမြင့်ခြင်း မရှိသော အမျိုးသမီး ဇာတ်ဆောင်ဆုကို မြင့်မိုရ်ထက်မှ သရဖူ ဇာတ်ကား မှ မို့မို့မြင့်အောင်မှ ရရှိခဲ့သည်။

အမျိုးသား သရုပ်ဆောင်ဆုကို အများနှင့် မသက်ဆိုင်သော သူဇာတ်ကားမှပင် ခန့်စည်သူမှ ရရှိခဲ့သည်။ အများနှင့် မသက်ဆိုင်သောသူ ဇာတ်ကားသည် ယခုနှစ် နေပြည်တော် အကယ်ဒမီ ပေးပွဲအတွက် ထူးခြားသော ဇာတ်ကားတကား ဖြစ်ခဲ့ပြီး အဆိုပါဇါတ်ကား ထုတ်လုပ်သော မျက်ခြယ် ဗီဒီယို ထုတ်လုပ်ရေးသည် အကယ်ဒမီ မရရှိခဲ့ဖူး သေးသော ထုတ်လုပ်ရေး၊ ဒါရိုက်တာ ၊ အကောင်းဆုံး သရုပ်ဆောင် အမျိုးသားဆုနှင့် အမျိုးသမီး ဇာတ်ပို့ဆု စုစုပေါင်း အကယ်ဒမီဆု (၇)ခု အနက် (၄)ခု ရရှိခဲ့သော ဆွတ်ခူးသွားသော ဇာတ်ကားတကား ဖြစ်သည်ကို http://www.mmtube.tv/free/ မှ တိုက်ရိုက် လွှင့်ထုတ်၍ ကြည့်ရှု လိုက်ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here