မော်စကို ရှိ ဟိုတယ်များ ကမ္ဘာ့တန်းဖိုး အကြီးမြင့်ဆုံး အဖြစ် ဆက်လက် ရပ်တည်နေ

alt

ရုရှားနိုင်ငံ မော်စကို မြို့တော်ရှိ ဟိုတယ်များ သည် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမြင့်ဆုံး အဖြစ် (၅)နှစ် ဆက်တိုက် ရပ်တည်နေကြောင်း သိရှိရသည်။ မော်စကိုရှိ ဟိုတယ်

တခု၏ ပျမ်းမျှ တညတာ တည်းခို စရိတ်သည် (၂၆၅)ပေါင် အထိ ကျသင့်သည်။

သို့သော်လည်း ထိုပမာဏသည် (၂၀၀၈) ခုနှစ် နှင့် နှိုင်းယှဉ်ပါက (၃၇)ပေါင် လျော့ နည်း သွားခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မော်စကို ၏ ပျမ်းမျှ တညတာ တည်းခိုစရိတ် သည် ဒုတိယနေရာတွင် ရပ်တည်နေ သည့် ဒူဘိုင်းမြို့ကြီး အဘူဒါဘီ ထက် ပေါင်(၄၀)မျှ ပိုများနေဆဲ ဖြစ်သည်။

Hogg Robinson Group ၏ လေ့လာမှု စစ်တမ်းအရ နိုင်ငံတကာ မြို့တော်ကြီးများ၏ ဟိုတယ် လုပ်ငန်း စုများ အား စံနစ်တကျ စာရင်း ကောက်ခံခဲ့ခြင်း ဖြစ်သည်။ နယူးယောက် မြို့တော်သည် တတိယ နေရာတွင် ရှိနေပြီး ယခင်နှစ်က ထက်မူ ပျမ်းမျှ တညတာ တည်းခိုစရိတ်မှာ (၂၃) ရာခိုင်နှုန်း ကျဆင်း သွားသည်။

ယင်း၏နောက်တွင် ပဲရစ်မြို့တော်နှင့် ဘာရိန်းမှ မီနာမာတို့က အသီးသီး ရပ်တည်နေသည်။ ထို့အပြင် မီလန်၊ ဂျနီဗာ၊ ကိုပင်ဟေဂင်၊ ၀ါရှင်တန်ဒီစီ နှင့် အေသင် မြို့ကြီးများ သည်လည်း တည်းခိုစရိတ် အမြင့်ဆုံး ထိပ်ဆုံး (၁၀)နေရာတွင် စာရင်းဝင်ခဲ့သည်။ လန်ဒန် မြို့တော်မှာမူ ပျမ်းမျှ တည်းခိုစရိတ် (၁၅၁.၄၅) ပေါင်သာ ရှိနေ သဖြင့် အဆင့် (၂၉)တွင် သာ ရှိနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here