ဖာနန်ဒိုဂါဂို အား ခေါ်ယူရေး မန်စီးတီး လက်လျှော့မည် မဟုတ်

alt

ရီးရဲလ် မက်ဒရစ်မှ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ ဖာနန် ဒိုဂါဂိုအား ခေါ်ယူရေးကို လက် လျှော့မည် မဟုတ်ကြောင်း မန်ချက်စတာ စီးတီး နည်းပြဖြစ်သူ ရောဘတ် တို မန်စီနီက ပြောကြား လိုက်သည်။

မန်စီနီသည် အသက် (၂၃)နှစ်ရှိ ကွင်းလယ် ခံစစ်သမားအား ဆောင်းရာသီ အပြောင်း အရွှေ့ နောက်ဆုံး နေ့ရက်တွင် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီးမှ စာရွက်စာတမ်း ကိစ္စ အပြီး မသတ်နိုင်သဖြင့် လက်လွတ် ခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။

မန်စီနီက ဂါဂိုသည် ရီးရဲလ်တွင် နေရာမရ သည့်တိုင် အလွန် ထူးချွန်သည့် ကစားသမား တဦးဟု ယုံကြည် ကြောင်း Guardian သတင်းစာနှင့် အင်တာဗျူးတွင် မှတ်ချက်ပြု ပြောဆိုခဲ့သည်။ ထို့အပြင် ၎င်းအား အင်္ဂလန် ပရီးမီးယားလိဂ် သို့ ခေါ်ယူရေးမှာ ဖြစ်နိုင် သော အခြေအနေတွင် ရှိနေကြောင်းလည်း အီတလီ လူမျိုး နည်းပြက ဆိုသည်။

မန်စီနီသည် ပါးမားမှ ကင်ညာ ကစားသမား မက်ဒေါ်နယ် မာရီဂါ ကိုလည်း ခေါ်ယူရန် ပြင်ဆင်နေကြောင်း ဝန်ခံခဲ့သည်။ ၎င်းအား မန်စီနီ အင်တာမီလန်ကို ကိုင်တွယ်စဉ် ကတည်းက စိတ်ဝင် စားခဲ့ဖူးသည်။

ပရီးမီးယား လိဂ်၏ ဘီလျံနာအသင်းဟု နာမည်ကြီးနေသော စီးတီးသည် ပြီးခဲ့သည့် အပြောင်းအရွှေ့ ကာလက ထူးထူးကဲကဲ လူအင်အား ဖြည့်တင်းမှုမျိုး မပြုလုပ်နိုင်ခဲ့ဘဲ အင်တာမှ ပက်ထရစ် ဗီအဲရာ နှင့် မစ်ဒယ်ဘရော့ဒ် မှ အဒမ်ဂျွန်ဆင် တို့ကိုသာ အဓိက ခေါ်ယူနိုင်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here