A(H1N1) ဆွိုင်းဖလူ ဖြစ်ပွားနေသော လူ၄ဦး ချင်းပြည်နယ် ဖလမ်း အနီးတွေ့ရှိ

alt

ယမန်နေ့က စစ်အစိုးရ မီဒီယာ မြန်မာ့အလင်း သတင်းစာတွင် နေရာ အတိအကျ မဖေါ်ပြပဲ ချင်းပြည်နယ် ဖလမ်း အနီးအနား ရွာတခုဟု သာဆို၍ ဆွိုင်းဖလူ

လက္ခဏာ တွေ့ရှိရသော လူနာ ၄ဦးအား တွေ့ ရှိ ခဲ့ရသည်ဟု ဆိုကာ သတင်းထုတ်ပြန် ကြေညာ လိုက်သည်။

ကျန်းမာရေး ဝန်ကြီးဋ္ဌာနမှ ဖြစ်ပွားရာ နေရာ အား ရောဂါ ထိမ်းချုပ်ရေး အဖွဲ့ တဖွဲ့အား စေလွှတ်ခဲ့ရာ ထို ကျေးရွာ အနီးအနားတွင် ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း၊ နာဖျားခြင်း စသော လက္ခဏာများ ကျေးရွာ သားများထံတွင် တွေ့ရှိရပြီး၊ လူနာ၄ဦးမှာ A(H1N1) ဆွိုင်းဖလူ ဖြစ်ပွားနေသော ရောဂါ လက္ခဏာများ တွေ့ရှိရ၍ သီးခြားစီ ခွဲထုတ် ဆေးဝါးကုသ နေကြောင်း သိရှိရသည်။

ထိုလူနာ၄ဦးမှာ ရောဂါအား ထိမ်းချုပ်နိုင်ပြီ ဖြစ်၍ အခြေအနေ ကောင်းမွန်ကြောင်း သိရှိရသည်။ မြန်မာ စစ် အစိုးရ ကျန်းမာရေး ဝန်ကြီး ဋ္ဌာနသည် ယမန်နှစ် ဧပြီလက မက္ကဆီကို နိုင်ငံမှ စတင် ဖြစ်ပွားလာခဲ့သော ဝက်တုပ်  ကွေး ရောဂါခေါ် ဆွိုင်းဖလူအား တနိုင်ငံလုံးတွင် ၆၉ဦး ဖြစ်ပွားခဲ့သည်ဟု တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ် သည်။

ထို ဆွိုင်းဖလူ တုပ်ကွေးရောဂါအား နိုင်ငံရပ်ခြားမှ ကူးစက်လာသူ ၄၂ဦး ရှိပြီး၊ ထိုသူများ၏ မိသားစုဝင်တွင် ပြန်လည် ကူးစက်သူ ၁၃ဦး နှင့် ကျောင်းများ အခြားသော နေရာများ မှ ကူးစက်ခံရသူ ၈ဦး အထိရှိသွားပြီး သေဆုံးသူ မရှိသေးဟု ကျန်းမာရေး ဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။ နိုင်ငံတွင်းသို့ ပထမဆုံး A(H1N1) ဆွိုင်းဖလူ တုပ်ကွေး သယ်ဆောင် လာသူမှာ စင်္ကာပူ နိုင်ငံမှ ပြန်လာသော ၁၃နှစ်နှစ် အရွယ် မိန်းခလေးငယ် တွင် တွေ့ရှိရသည်ဟု ယခင်နှစ် ဂျွန်လ (၂၇)ရက်နေ့က ကြေညာခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here