ဒူဘိုင်း ရဲတပ်ဖွဲ့က အစ္စရေး ဝန်ကြီးချုပ်အား တရားစွဲရန် ပြင်

alt

ပြီးခဲ့သည့် လက ဒူဘိုင်းတွင် မာမွတ် အယ်လ် ဘက်ဟွား အမည်ရှိ စီးပွားရေး သမားတဦး လုပ်ကြံခံရမှု အတွက် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ရာဟူ အား

တရားစွဲနိုင်ရန် ပြင်ဆင်နေကြောင်း ဒူဘိုင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားလိုက်သည်။

ဒူဘိုင်း ရဲတပ်ဖွဲ့က ယခုကိစ္စတွင် အစ္စရေး လျှို့ဝှက် ထောက်လှမ်းရေးကို နာတန်ရာဟူ က အမိန့်ပေးခဲ့ခြင်း ဟုတ်/မဟုတ် လေ့လာနေ ကြောင်း၊ အကယ်၍ ယင်းကိစ္စတွင် အစ္စရေး ဝန်ကြီးချုပ် ပါဝင်နေကြောင်း အခိုင်အမာ တွေ့ရှိပါက ၎င်းအား ဖမ်းဆီးနိုင်ရန် ဝရမ်း ထုတ်သွားမည်ဟု ဒူဘိုင်း ရဲဌာနက ပြောကြားခဲ့ သည်။

ဟားမတ် အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်နေပြီး အီရန်မှ လက်နက်များကို ပါလက်စတိုင်းသို့ ခိုးသွင်း နေကြောင်း သတင်းထွက်နေသည့် အယ်ဘက်ဟွားအား ဒူဘိုင်းရှိ ၎င်းတည်းခိုနေသော ဟိုတယ်ခန်း အတွင်း ဇန်နဝါရီလ (၂၀)ရက်နေ့က အစ္စရေး ထောက်လှမ်းရေး မော့ဆက်က လုပ်ကြံခဲ့ပြီး ယင်း၏ နောက်ကွယ်တွင် နာတန်ရာဟူက ကြိုးကိုင် ညွှန်ကြားခဲ့ကြောင်း ဟားမက် အဖွဲ့မှ မူဟာ မက်နာဇယ် က ဆိုသည်။

ဒူဘိုင်း ရဲတပ်ဖွဲ့၏ အဆိုအရ အယ်ဘက်ဟွားသည် ဒူဘိုင်းတွင် လက်နက် ရောင်းဝယ်မှု ကိစ္စနှင့် ပတ်သက်သော လှုပ်ရှားမှုမျိုး မရှိခဲ့သလို အီရန်မှ လက်နက်ကုန်သည် များနှင့်လည်း မတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ ဒူဘိုင်း ရဲတပ်ဖွဲ့ အကြီးအကဲ ဒါဟီကယ်ဖန်တာမင် က ဖြစ်ရပ် အသေးစိတ်ကို လေ့လာနေကြောင်း၊ ဒူဘိုင်းမြေတွင် လူသတ်မှု ကျုးလွန်ခဲ့ပါက မည်သူ့ကိုမဆို ဥပဒေအတိုင်း စီရင်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

ထို့အပြင် ဒူဘိုင်း ရဲတပ်ဖွဲ့သည် နိုင်ငံတကာ ထောက်လှမ်းရေး အေဂျင်စီများ ထံသို့လည်း ယခု ကိစ္စအတွက် အကူအညီ တောင်းခံထားကြောင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here