တရားမဝင် လက်နက် သယ်ဆောင် ခဲ့သည့် လေယာဉ်ကိစ္စ ထိုင်းအစိုးရ ဆုံးဖြတ်ချက် ချမှတ်မည်

alt

မြောက်ကိုရီးယား နိုင်ငံမှ တရား မဝင် လက်နက် များ သယ်ဆောင် လာသည့် လေယာဉ် နှင့် စပ်လျဉ်းပြီး ထိုင်းနိုင်ငံက လာမည့် သီတင်း ပါတ် အတွင်း ဆုံးဖြတ်ချက်

ချမှတ် သွားမည် ဖြစ်သည်။

ယင်း လေယာဉ်သည် ဒွန်မောင်း လေဆိပ်တွင် ဆီဖြည့် ရပ်နားစဉ် ဒီဇင်ဘာ (၁၂)ရက် နေ့က အဖမ်းခံရခြင်း ဖြစ်သည်။

ထိုင်း ဝန်ကြီးချုပ် အဘီဆစ် ဗက်ဂျာဂျီဗာက ဘီလားရု လူမျိုး လေယာဉ်မှူးနှင့် ကာဇက်စတန် လူမျိုး လေယာဉ် အဖွဲ့ဝင် (၄)ဦးတို့ ကိုလည်း လာမည့် သီတင်းပါတ်တွင် မည်သို့ စီရင်ချက် ချမှတ်မည်ကို ဆုံးဖြတ် မည်ဟု အတည်ပြု ပြောကြား သွားခဲ့သည်။

၎င်းတို့သည် ကျည်ဆံများ၊ လက်နက်များနှင့် အခြားသော နိုင်ငံတကာ ဥပဒေအရ ပိတ်ပင် တား မြစ်ထားသည့် ဖောက်ခွဲရေး ပစ္စည်းများကို တင်ဆောင်လာခြင်း ဖြစ်ပြီး ကုန်စည် အမျိုးအစား အတွက် ထိုင်းလေဆိပ် အာဏာပိုင် များအား အကြောင်းကြားရန် ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။

ဝန်ကြီးချုပ် အဘီဆစ်က ကာဇက်စတန် နှင့် ဘီလားရု နှစ်နိုင်ငံ တို့သည် ၎င်းတို့၏ နိုင်ငံသားများ အပေါ် နိုင်ငံ တကာ ဥပဒေနှင့်အညီ ဆောင်ရွက်မည်ကို နားလည် လက်ခံ ပေးမည်ဟု ယူဆကြောင်း၊ အပြီးသတ် ဆုံးဖြတ်ချက် ကိုမူ ဖေဖော်ဝါရီလ (၁၁)ရက် နေ့တွင် ချမှတ် သွားနိုင်ရန် ပြင်ဆင်ထားကြောင်း ပြောဆိုသွားခဲ့သည်။ အဆိုပါ နှစ် နိုင်ငံလုံးသည် ယင်းတို့ နိုင်ငံသားများအား ပြန်လွှတ် ပေးရန်နှင့် မိခင် နိုင်ငံတွင်သာ စွဲချက်တင် ခွင့်ပြုရန် ထိုင်း နိုင်ငံအား တောင်းဆိုထားသည်ဟု သိရှိရသည်။

သို့ပါသော်လည်း Office of the Attorney General (OAG) က ယခု လေယာဉ်နှင့် ပတ်သက်ပြီး အတည်ပြု ဆုံးဖြတ်မည် ဖြစ်ပြီး ယင်း၏ ဆုံးဖြတ်ချက်နှင့် အညီ ထိုင်း အစိုးရက ဆောင်ရွက် ပေးသွားမည်ဟု နိုင်ငံခြားရေး ဝန်ကြီး ကာဆစ်ပီရိုမြာ က ဂျီနီဗာမြို့ အစည်းအဝေး တခုတွင် ယခု သီတင်းပါတ်အတွင်း အတည်ပြု ပြောဆိုထား ပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here