သမ္မတ အိုဘားမား အဒေါ်ဖြစ်သူ ပြည်နှင်ဒဏ် အတွက် ရင်ဆိုင်ရမည်

alt

အမေရိကန် သမ္မတ ဘာရက် အိုဘားမား၏ အဒေါ်ဖြစ်သူ ကင်ညာ နိုင်ငံသူ ဇီတူနီအိုညံဂို မှာ ယခုအခါ ပြည်နှင်ဒဏ် ခံရမည့် အခြေအနေအား ရင်ဆိုင်တိုက်ပွဲ ဝင်ရတော့မည် ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်၏ ပထမဆုံး အာဖရိကန် နွယ်ဖွား သမ္မတ၏ ညီအစ်ကို မောင်နှမများကို စောင့်ရှောက် နေရသည့် အသက် (၅၇)နှစ် အရွယ် ဇီတူနီသည် ဘော်စတွန်မြို့ရှိ တရားရုံး တခုတွင် လူဝင်မှု ဥပဒေ အရ မကြာမီ အမှု ရင်ဆိုင်ရမည် ဖြစ်သည်။

သူမသည် အမေရိကန်သို့ (၂၀၀၀)ပြည့်နှစ် ကတည်းက ရောက်ရှိလာပြီး ပြည်သူ့အိမ်ရာ စီမံကိန်း တခုတွင် (၂၀၀၈)ခုနှစ်၌ စတင်ရောက်ရှိ နေထိုင်ခဲ့သည်။ သူမ၏ ပထမဆုံး နိုင်ငံသား ခံယူခွင့် လျှောက်ထားမှုမှာ ပယ်ချခံရပြီး (၂၀၀၄)ခုနှစ် ကတည်း အမေရိကန်မှ ထွက်ခွာရန် နယ်နှင်ဒဏ် ပေးခံ ထားရပြီး ဖြစ်သည်။

သို့သော်လည်း သူမသည် အမေရိကန်ကို ကျောခိုင်းမသွားဘဲ တိတ်တဆိတ် ဆက်နေခဲ့သည့်တိုင် သမ္မတ အိုဘားမား ရွေးကောက်ပွဲ အောင်မြင်မှု ရရှိပြီးနောက် သူမ၏ ဘဝ မှန်ကို သတင်းထောက် များက ခြေရာခံ သွားနိုင်ခဲ့ခြင်း ဖြစ်သည်။ သမ္မတကြီး ကမူ ၎င်း၏ အဒေါ်သည် နိုင်ငံအတွင်း၌ တရားမဝင် ခိုလှုံနေထိုင် နေကြောင်း လုံးဝမသိခဲ့ ပါဟု ငြင်းဆို ထားခဲ့သည်။ ထို့အပြင် ယခု အခြေအနေကို ဥပဒေက ပြဌာန်းထားသည့် လမ်းစဉ် အတိုင်းသာ လိုက်နာ သင့်ကြောင်းလည်း အိုဘားမားက မှတ်ချက်ပြု ထားသည်။

ဘော်စတွန်မှ တရားသူကြီး တဦးသည် ဇီတူနီ၏ ခိုလှုံခွင့် တောင်းခံမှု အတွက် ပြန်လည်ကြားနာ စစ်ဆေးပေးမည်ဟု ကတိပြုထားရာ သူမအနေနှင့် နယ်နှင်ဒဏ် မခံရရေး အရေးဆို တိုက်ပွဲဝင်ခွင့် ရရှိသွားပြီ ဖြစ်သည်။ အိုဟိုင်းယို ပြည်နယ် ဥပဒေပြု အဖွဲ့က သမ္မတကြီး နှင့် ဇီတူနီတို့ အမျိုးတော်သည်ကို လူတိုင်း သိနေကြောင်း၊ အကယ်၍ သမ္မတ ကိုယ်တိုင် ယခု အမှုအတွက် ပါဝင် လျှောက်လှဲလျှင်ပင် ဥပဒေအရ အကျံုးဝင်ကြောင်း ကြေညာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here