ကေတီပရိုက်စ် ဇနီးမောင်နှံ ဟန်းနီးမွန်း ထွက်ရန် အစီအစဉ် မရှိဟုဆို

alt

ကေတီပရိုက်စ် နှင့် အဲလက်ရိဒ် တို့သည် Honeymoon ခရီးအတွက် စီစဉ်ထားခြင်း မရှိကြောင်း ပြော ကြားလိုက်သည်။ မကြာ သေးမီ ကမှ ဗြိတိန်၏ လူမုန်း အများဆုံး

အမျိုးသမီး Celebrity အဖြစ် စစ်တမ်းတခု က မဲပေး ရွေးချယ်ခဲ့သည့် မော်ဒယ်သည် ဖေဖော်ဝါရီ (၂)ရက် နေ့က သူမ၏ချစ်သူ အဲလက်(စ်) နှင့် အမေရိကား တွင် အကျဉ်းရုံး လက်ထပ်ခဲ့သည်။

လတ်စ်ဗီးဂတ်တွင် ကျင်းပသော လက်ထပ်ပွဲ အပြီး သူမတို့ အနေနှင့် Honeymoon ခရီးအတွက် ပြင်ဆင်မည်ဟု ပရိသတ်များက မျှော်လင့်ခဲ့သော်လည်း အားကစားသမား အဲလက်(စ်) မှာ နာရှစ် တွင် စခန်းသွင်း လေ့ကျင့်ရမည် ဖြစ်သောကြောင့် မအား လပ်သဖြင့် Honeymoon ခရီးမထွက် ဖြစ်ခဲ့ပေ။

ထို့အပြင် အဲလက်(စ်) ၏ ကြံ့ခိုင်ရေး အတွက် ယင်း ခရီးစဉ်တွင် ဇနီးဖြစ်သူနှင့် လိင် ဆက်ဆံခွင့် ကို လည်း အဲလက်(စ်) ၏ အသင်းက ပိတ်ပင်ထားသည်။ အဲလက်(စ်)က ပရော်ဖက်ရှင်နယ် အသက် မွေးမှု အတွက် ကိုယ်ရေးကိစ္စကို ခေတ္တဘေးဖယ် ထားရမည် ဖြစ်ကြောင်း ဝန်ခံ ထားလိုက်သည်။

Cage အသင်း၏ တိုက်စစ်သမား ရိဒ်သည် ဗြိတိန်တွင် ကျင်းပမည့် Middleweight Ultimate Challenge World Champion ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။ ကေတီတို့ အသစ် စက်စက် ဇနီးမောင်နှံနှင့် ရင်းနှီးသူများက အဲလက်(စ်) သည် လေ့ကျင့်မှုများကို ပြင်းပြင်းထန်ထန် ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိစေရေး အတွက် အာရုံ စိုက်ထားချိန်တွင် Honeymoon ကိစ္စအား မျက်ကွယ် ပြုထားကြောင်း၊ ထိုအခြေအနေ အတွက် ကေတီ ကလည်း နားလည် ပေးထားကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here