Internet Explore တွင် လုံခြုံရေး ယိုပေါက်ရှိကြောင်း အတည်ပြု

alt

Microsoft က လုံခြံုရေး အားနည်း ချက်များ ကြောင့် နာမည်ပျက် နေသည့် Internet Explore တွင် နောက်ထပ် လုံခြံုရေး ယို ပေါက်ကြီး တခု ရှိနေကြောင်း

အတည်ပြု ခဲ့ရသည်။

Microsoft ၏ Web Browser တွင် အသစ် တွေ့ရှိသည့် ယင်း ဟာကွက်သည် Hacker များနှင့် ဆိုင်ဘာ ရာဇဝတ်မှု ကျူးလွန် သူများ အနေနှင့် User များ၏ ကွန်ပြူတာ အတွင်း ခိုးဝင်ရန်၊ အတုအယောင် ဝဘ်ဆိုဒ်များနှင့် ထောင်ချောက်ဆင် လှည့်စား ရန်၊ အန္တရာယ်ရှိသော Code များ ထည့်သွင်းနိုင်ရန် ဖိတ်ခေါ်နေကြောင်း Micrsoft က ဝန်ခံခဲ့သည်။

ဆိုင်ဘာ လုံခြံုရေး ပညာရှင်များကလည်း ယခု တွေ့ရှိသည့် လုံခြံုရေး ပျော့ကွက်ကြီးအား Hacker များ အတွက် နောက်ဖေးပေါက် အဖြစ် ခိုင်းနှိုင်း ဖော်ပြခဲ့ကြသည်။ ယခု သတင်း ထုတ်ပြန်ချက်သည် (၂၀၁၀) ခုနှစ်၊ တနှစ် အတွင်း Internet Explorer တွင် အဓိက လုံခြံုရေး အားနည်းချက် ကြီး နှစ်ခုအား Microsoft က ဝန်ခံ လိုက်ခြင်းလည်း ဖြစ်သည်။

ယခင်ကလည်း Microsoft သည် Internet Explorer 6 မှတဆင့် တရုတ် Hacker များက လူ့အခွင့်အရေး လှုပ်ရှားသူများ၏ Gmail Password များအား ခိုးယူခဲ့ ကြောင်း သတင်း ထွက်ပေါ်ခဲ့ရာ လုံခြံုရေး Patch အသစ်များ ထုတ်ပေး ခဲ့ရဖူးသည်။ ပြင်သစ် နှင့် ဂျာမနီ အစိုးရများ ကမူ အင်တာနက် အသုံးပြုသူ များသည် Internet Explorer အစား အခြားသော Web Browser များကို သုံးစွဲရန် တိုက်တွန်းထားလိုက်ပြီ ဖြစ်သည်။

Microsoft ၏ Internet Explorer သည် လုံခြံုရေး ချွတ်ယွင်းချက်များ ရှိနေသည့်တိုင် ယခုအချိန် အထိ ကမ္ဘာပေါ်တွင် လူသုံးအများဆုံး Web Browser အဖြစ် ရပ် တည်နေဆဲ ဟုလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here