မိုက်ကယ် ဂျက်ဆင် သေဆုံးမှုနှင့် ပတ်သက်၍ ဒေါက်တာမာရေး တရား ရင်ဆိုင်မည်

alt

ဒေါက်တာ ကွန်းနတ်မာရေး အနေ နှင့် အစိုးရ ရှေ့နေများက ၎င်းသည် မိုက်ကယ်ဂျက်ဆင် သေဆုံးမှုတွင် တာဝန် ရှိနေကြောင်း စွဲချက် တင်လာ ပါက

တရား ရင်ဆိုင်ရန် လက်ခံ သွားမည်ဟု ၎င်း၏ ရှေ့နေ က ပြောကြားခဲ့သည်။

ဒေါက်တာမာရေး သည် ပြီးခဲ့သည့် သီတင်း ပါတ်က ဟူစတန်ရှိ ၎င်း၏နေအိမ်မှ လော့စ် အိန်ဂျယ်လိစ်သို့ ရောက်ရှိ လာပြီးနောက် ၎င်းသည် ယမန်နှစ် ဇွန်လက ဆေးဝါး အလွန် အကျွံသုံးမှုကြောင့် ဂျက်ဆင် သေဆုံးမှုအတွက် တရားရင်ဆိုင် ရလိမ့်မည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်လာခဲ့ သည်။

Pop ဘုရင်ကြီးဟု တင်စားခံရသည့် ဂျက်ဆင်သည် ဆေးဝါးလွန်ကျွံစွာ သုံးစွဲမှုကြောင့် နှလုံးဖောက် ပြန်ပြီး ဇွန်လ (၂၅)ရက် နေ့က ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ရဲဌာနက ဒေါက်တာ မာရေးသည် ဂျက်ဆင် သေဆုံးမှု အတွက် တရားစွဲဆိုခြင်း ခံရနိုင်ခြေ ရှိနေကြောင်း ခန့်မှန်းထားပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် (၄)နှစ်အထိ ပြစ်ဒဏ်နှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း ပြောဆိုနေကြသည်။

မာရေးသည် ဂျက်ဆင်၏ အိပ်မပျော်ဘဲ ဖြစ်နေသော ဝေဒနာကို ကုစားရန် Propofol နှင့် အခြားသော အကိုက်အခဲ ပျောက်ဆေး (၂)မျိုးကို သုံးစွဲစေခဲ့ရာမှ ဂျက်ဆင်မှာ သေဆုံးသွားခြင်းဟု တာဝန်ရှိသူ များက ယူဆထားကြသည်။ မာရေး၏ ရှေ့နေဖြစ်သူ အက်ချားနော့က တရားရေးဌာန တာဝန်ရှိသူ များထံမှ ဒေါက်တာ မာရေး အနေနှင့် တရားရုံးတွင် လျှောက်လှဲရန် တောင်းဆိုလာမှု မရှိကြောင်း၊ အကယ်၍ တောင်းဆို လာလျှင်လည်း လိုက်လျော ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ဒေါက်တာ မာရေးသည် ယခင် ကတည်းက ဂျက်ဆင် သေဆုံးမှုတွင် တာဝန်ရှိကြောင်း စွပ်စွဲမှုများ မကြာခဏ ရင်ဆိုင်ခဲ့ရပြီး ၎င်းအနေနှင့် ဂျက်ဆင် သေဆုံးစေမည့် မည်သို့ သော ဆေးညွှန်းကိုမျှ မပေးခဲ့ကြောင်း အခိုင်အမာ ငြင်းဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here