နီမန်ဂျာဗီဒစ် မန်ယူတွင် ဆက်ရှိနိုင်မည် မဟုတ်ဟု ခန့်မှန်း

alt

အေစီမီလန် နှင့် ရီးရဲလ် မက်ဒရစ် တို့က ပစ်မှတ် ထားခြင်းကို ခံနေရပြီးနောက် ရာသီ ကုန် တွင် နီမန်ဂျာ ဗီဒစ် အား မန်ချက်စတာ ယူနိုက်တက် အနေနှင့် ဆက်လက်

ထိန်းသိမ်း ထားနိုင်ဖွယ် မရှိ ကြောင်း ဗြိတိသျှ Mirror သတင်းစာက ခန့်မှန်းဖော်ပြ လိုက်သည်။

အသက် (၂၇)နှစ် အရွယ် ဆာဘီးယား လက်ရွေးစင်အား မရောင်းနိုင်ကြောင်း ယူနိုက်တက် နည်းပြကြီး ဆာအဲလက်(စ်) ဖာဂူဆန်က ငြင်းဆို ထားသည့်တိုင် ဥရောပ ထိပ်တန်း အသင်းများက ပေါင် သန်း (၂၀)ဝန်းကျင်ဖြင့် ခေါ်ယူသွားနိုင်ဖွယ် ရှိ ကြောင်း သတင်းစာက ဆိုသည်။

ဥရောပနှင့် စပိန် ချန်ပီယံ ဘာစီလိုနာ ကလည်း စောင့်ကြည့်နေသည့် ဗီဒစ်အား ယူနိုက်တက်မှ ရီးရဲလ်သို့ ပြောင်းရွှေ့ခဲ့သူ ခရစ်စတီယာနို ရော်နာဒိုက အရ ခေါ်ယူရန် ရီးရဲလ် အာဏာပိုင် များ အား တိုက်တွန်း နေသလို အီတလီထိပ်သီး မီလန် ကလည်း စိတ်ဝင်တစား ချဉ်းကပ်လာဖွယ် ရှိနေ ကြောင်း သိရှိရသည်။

ယမန်နှစ် ကမ္ဘာ့အကောင်းဆုံး (၁၁)ဦး စာရင်းတွင် ဗဟိုခံစစ်မှူး အဖြစ် ရွေးချယ်ခံရသည့် ဗီဒစ်၏ ဇနီးသည်မှာ အင်္ဂလန်မြေ၌ မပျော်ပိုက်ကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိနေသောကြောင့် ထိပ်သီး အသင်းပေါင်း မြောက်မြားစွာက အရ ခေါ်ယူရန် ကြိုးပမ်းလာကြခြင်း ဖြစ်သည်။

ယူနိုက်တက်သည် ဖူဟမ်မှ လူငယ် ခံစစ်မှူး ခရစ်စမောလင်း ကိုလည်း ရာသီကုန်တွင် ခေါ်ယူရန် စာ ချုပ်ထားပြီး ဖြစ်ရာ ဗီဒစ်အား ဈေးကောင်းရပါက ရောင်းချဖွယ် ရှိကြောင်း အင်္ဂလန်တွင် အရှိန် အဝါ ကြီးမားသော Mirror သတင်းစာက သုံးသပ် ဖော်ပြလိုက်ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here