အရက်မူးနေသည့် Taxi ယာဉ်မောင်း တဦး ကလေး အများအပြား ပြွတ်သိပ် တင်ဆောင်လာ

alt

အရက်မူးနေသော Taxi ယာဉ်မောင်း တဦးအား ဖမ်းမိချိန်တွင် ၎င်း၏ ကားအတွင်း ကလေးငယ် (၄၉)ဦးကို တင်ဆောင် လာကြောင်း ရဲများက ဖော်ထုတ် တွေ့ရှိခဲ့ကြ ရသည်။

တောင် အာဖရိက နိုင်ငံ၊ ဂျိုဟန်နက်စဘတ်ရှိ အသက် (၂၆)နှစ် အရွယ် အဆိုပါ ယာဉ်မောင်းသည် (၁၆) ယောက်သာ စီးနင်း လိုက်ပါနိုင်သည့် မီနီဘတ်စ် Taxi ကို မောင်းနှင်ရင်း စစ်ဆေးရေးဂိတ် တခုကို ကျော်ဖြတ်စဉ် ရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယာဉ်မောင်းက ကလေးများကို စုပြံုထိုးသိပ် သယ်ဆောင်လာမှုနှင့် ပတ်သက်ပြီး ယင်းတို့အား ကျောင်း နောက်ကျနေသဖြင့် အလျင်အမြန် ပို့ဆောင်ပေးခြင်းသာ ဖြစ်ကြောင်း ကာကွယ် ပြော ကြားခဲ့သည်။

ရဲများ၏ အဆိုအရ အငယ်ဆုံး ကလေးမှာ (၃)နှစ်သာ ရှိသေးပြီး အကြီးဆုံးမှာ (၁၃)နှစ် အရွယ် ဖြစ်ကြောင်း သိရှိရသည်။ ၎င်းအား ဆေးစစ်မှုများ ပြုလုပ်ပြီးနောက် ကန့်သတ် ပမာဏထက် အရက် ပိုသောက်ထားပြီး ကားမောင်းနေခြင်းဟု ရဲများက စစ်ဆေး ဖော်ထုတ်နိုင်ခဲ့သည်။

ယခုအခါ အဆိုပါ ယာဉ်မောင်းကို အချုပ်ထဲ ထည့်ထားပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ တာဝန်ရှိသူ တဦးက ဆိုသည်။ တောင် အာဖရိက နိုင်ငံသည် မတော်တဆ ယာဉ်တိုက်မှု များကြောင့် သေကြေမှုများ မကြာခဏ ဖြစ်ပွားသည့် နိုင်ငံတခု ဖြစ်သလို Taxi ယာဉ်မောင်းများနှင့် ပတ်သက်ပြီး ကမ္ဘာလှည့် ခရီးသည်များ၏ တိုင်ကြားမှုကိုလည်း မကြာ ခဏ ခံရလေ့ ရှိသည်။

သို့သော်လည်း (၂၀၁၀)ခုနှစ် ကမ္ဘာ့ဖလား နီးကပ်လာချိန်တွင် ယင်း ပြဿနာကို ထိန်းချုပ်နိုင်ရန် အတွက် အာဏာပိုင်များသည် Taxi ယာဉ်မောင်းများ၏ အမူအကျင့်နှင့် ပတ်သက်ပြီး တင်းတင်းကြပ်ကြပ် ထိန်းချုပ် ကိုင်တွယ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here