Gay များ စစ်မှုထမ်းခွင့် ပိတ်ပင်သည့် ဥပဒေ အလောတကြီး မပြဌာန်းသင့်ဟု ဆို

alt

အမေရိကန် ပြည်ထောင်စု ဗဟိုအစိုးရ အနေနှင့် Gay များအား စစ်မှုထမ်းခွင့် ပိတ်ပင်သည့် ဥပ ဒေကို အလောတကြီး မပြဌာန်းသင့်ကြောင်း ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်က ပြောကြားခဲ့ သည်။

ဝန်ထမ်းရေးရာ အကြီးအကဲများ ပူးပေါင်း ဆောင်ရွက်ရေး ဌာန တာဝန်ရှိသူ မိုက်မူလန် ကလည်း ဂိတ် နှင့် သဘောထားချင်း တိုက်ဆိုင်ကြောင်း ပြောဆိုသွားခဲ့သည်။ မူလန်သည် ယင်း ဥပဒေအား ပြဌာန်းရေးနှင့် ပတ်သက်ပြီး (၁၁)လ ကြာမျှ လေ့လာမှုများ ပြုလုပ်ခဲ့သူ ဖြစ်သည်။

အမေရိကန် စစ်တပ်သည် မလိုလားအပ်သော လိင်တူ ဆက်ဆံမှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ် သဖြင့် Gay များအား စစ်မှုထမ်းခွင့် ဖျက်သိမ်းရန် စီစဉ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ဥပ ဒေ ပြဌာန်းသည့် အခါ Gay စစ်မှုထမ်း များအား ရာထူးမှ ချက်ချင်း ထုတ်ပယ်မည် (သို့မဟုတ်) စစ်မှုထမ်း ကာလ ပြည့်မြောက်ချိန် ကျမှ ထုတ်ပယ်မည်ကို အသေအချာ မဆုံးဖြတ် နိုင်သေးချေ။

ယခုနှစ် အတွက် ယင်းကိစ္စသည် အာရုံစိုက် ဆောင်ရွက်ရမည့် အကြောင်းအရာ တခုဖြစ်ကြောင်း ဂိတ်က ဖေဖော်ဝါရီလ (၃)ရက် နေ့က ပြောကြားခဲ့သည်။ မူလန် ကလည်း အဆိုပါ ဥပဒေကို အတည်ပြု ပြဌာန်းလိုက်ခြင်းမှာ Gay စစ်မှုထမ်းများ အပေါ် မမျှမတ ဆက်ဆံခြင်းမျိုး ဖြစ်သွားနိုင်ကြောင်း ဝန်ခံထားလိုက်သည်။ တာဝန်ရှိသူ များ၏ အဆိုအရ စစ်သည် အများစုသည် တပ်အတွင်းရှိ Gay များအား ထုတ်ပယ်သည့် ဥပဒေကို အမြန်ဆုံး ပြဌာန်းရန် အလိုရှိနေကြောင်း သိရှိရသည်။

အမေရိကန် သမ္မတ ဘာရက်အိုဘားမား ကိုယ်တိုင်ကလည်း Gay များကို စစ်မှုထမ်းခွင့် ပြုရန် သင့်/မသင့် ကိစ္စအား အသေအချာ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့ ဖူးပြီး ယင်း ပြဿနာသည် စစ်တပ်မှ အများစု၏ သဘောထား အပေါ် မူတည်နေဖွယ် ရှိကြောင်း သုံးသပ် ပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here