သမ္မတအား လုပ်ကြံရန် စီစဉ်မှုဖြင့် သီရိလင်္ကာတွင် အတိုက်အခံ များကို ဖမ်းဆီးထား

alt

သီရိလင်္ကာ အစိုးရသည် အတိုက် အခံ အဖွဲ့ဝင် (၃၇)ဦးအား သမ္မတ မဟင်ဒါရာဂျာ ပက်ဆား အား လုပ်ကြံရန် ကြံစည်မှုဖြင့် ဖမ်းဆီး ထား လိုက်ကြောင်း သိရှိ ရသည်။

ပြီးခဲ့သည့်လ ရွေးကောက်ပွဲတွင် အရေးနိမ့် ခဲ့သည့် တပ်မတော် အကြီးအကဲဟောင်း ဆာရက် ဖွန်ဆီကာကို အဓိက ထောက်ခံသည့် ဘုန်းတော်ကြီး တပါး၏ ကျောင်းဝင်းအတွင်း လက်နက်များကို သိမ်းဆည်း ရမိပြီးနောက် ယခုလို လူအမြောက်အမြားကို အစိုးရ လုံခြံု ရေး တပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖွန်ဆီကာသည် ရွေးကောက်ပွဲတွင် မဟင်ဒါအား အရေးနိမ့် ခဲ့ပြီးနောက် ရွေးကောက်ပွဲ အတွင်း မဲ လိမ်မှုများ ရှိခဲ့ ကြောင်း စွပ်စွဲခဲ့သေးသည်။ ဖေဖော်ဝါရီလ (၃)ရက်နေ့က ဖွန်ဆီကာ၏ ရုံးခန်းကို ဝင်ရောက် စီးနင်းကာ လူ (၃၀)နီးပါးကို ဖမ်းဆီးသွားသလို ပြင်ပရှိ အတိုက်အခံ ပါတီဝင် အချို့လည်း ဖမ်းဆီး ခံရသေးသည်။

သတင်းများ၏ အဆိုအရ လက်နက်များ တွေ့ရှိရာ ကျောင်းတိုက်ရှိ ဘုန်းတော်ကြီး မှာလည်း အဖမ်းခံရသူ (၃၇)ဦး တွင် ပါဝင်ကြောင်း သိရှိရသည်။ သီရိလင်္ကာ အစိုးရက လူ (၃၇)ဦးကို ဖမ်းထားလိုက်ကြောင်း သတင်းအား အတည်ပြု ခဲ့ပြီးနောက် နောက်ထပ် လူ(၂၀)ကိုလည်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ကြေညာထားသည်။ အတိုက်အခံများ ကမူ ယခုကိစ္စသည် အစိုးရ၏ ဉာဏ်ဆင် လှည့်ဖျားမှုသာ ဖြစ်ကြောင်း စွပ်စွဲပြောဆို ထားကြသည်။

သမ္မတ မဟင်ဒါသည် နိုင်ငံအတွင်းရှိ နှစ်ပေါင်းများစွာ ကြာအောင် အစိုးရအား ဆန့်ကျင်နေသည့် တမီလ်ကျား သူပုန်တို့အား အမြစ်ပြတ် ချေမှုန်းခဲ့သူ ဖြစ်ပြီး ယင်း စစ်ဆင်ရေး များတွင် ယခု အဖမ်းဆီးခံ အတိုက်ခံ ခေါင်းဆောင် ဖွန်ဆီကာ က စစ်ဦးစီးချုပ် အဖြစ် တာဝန်ယူခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here