ရစ်ဘာရီ အသင်းပြောင်းမည့် ကိစ္စအား ဘေယန်မြူးနစ် နည်းပြ သတိပေး

alt

ဘေယန်မြူးနစ် အသင်းနည်းပြ လူးဝစ် ဗန်ဂါးက ရီးရဲလ် မက်ဒရစ်သို့ ဖရန့်ရစ်ဘာရီ ပြောင်းရွှေ့ ဖြစ်ပါက အရံခုံတွင်သာ ထိုင်နေ ရမည် ဖြစ်ကြောင်း

သတိပေး ပြောကြားခဲ့သည်။

ဂျာမန်ကလပ် တွင် ကစားနေသည့် ပြင်သစ် လက်ရွေးစင် တောင်ပံ တိုက်စစ်မှူးသည် စပိန် ထိပ်သီးအသင်း ရီးရဲလ်သို့ ပြောင်းရွှေ့လို ကြောင်း သတင်းများ ထွက်ပေါ် လာပြီးနောက် ဟော်လန်သား နည်းပြကြီးက ရီးယဲလ်တွင် ရစ်ဘာရီ အတွက် ပုံမှန်နေရာ ရရေး အာမခံ ချက် မရှိနိုင်ကြောင်း ခန့်မှန်းခဲ့သည်။

မိမိအနေနှင့် ရစ်ဘာရီအား ဘေယန်တွင် အနည်းဆုံး တရာသီ ဆက်နေရန် တိုက်တွန်း လိုကြောင်း ဗန်ဂါးက ဆိုသည်။ ထို့အပြင် ရီးရဲလ်မှ ကမ္ဘာကျော် များဖြစ်သည့် ရုဗင်နစ္စတာရွိုင်း၊ အာဂျန် ရော်ဘင် တို့သည် အရံခုံ တွင်သာ ထိုင်နေရခြင်း ကြောင့် ဂျာမန်မြေသို့ ရုဗင် နစ္စတာရွိုင်း ပြောင်း ရွှေ့ လာရခြင်းအား ဗန်ဂါးက ထောက်ပြခဲ့သည်။

ရစ်ဘာရီ အနေနှင့်လည်း ရီးရဲလ်သို့ ရောက်လာပါက ရီကာဒိုကာကာ၊ ခရစ်စတီယာနို ရော်နာဒို၊ ရာဖေး ဗန်ဒါဗတ် နှင့် ရာအူးဂွန်ဇာလက် ကဲ့သို့ ကစားသမား များ၏ အရံ ဘဝသို့ ရောက်သွား လိမ့် မည်ဟု ဗန်ဂါးက ဆိုသည်။

သို့သော်လည်း အသက် (၂၇)နှစ် အရွယ် ရစ်ဘာရီ ကိုယ်တိုင် ကမူ ကမာ္ဘကျော် ဘောလုံးကြယ်ပွင့်များ စုစည်းရာ စပိန် ထိပ်သီးအသင်းသို့ မဖြစ်မနေ ပြောင်းရွှေ့ရန် ဆန္ဒပြင်းပြလျက် ရှိသည်။ ဘေယန်သည် ရစ်ဘာရီ အပြင် တိုက်စစ်မှူး အိုင်ဗီကာ အိုလစ်ပါ အသင်းမှ ထွက်ခွာရန် ပြင်ဆင်လာမှုကို ရင်ဆိုင်နေရပြီး ၎င်းတို့ နှစ်ဦးအား စာချုပ်သစ် သက်တမ်းတိုး/မတိုး အလျင်အမြန် ဆုံးဖြတ်ရန် ရာဇသံ ပေးထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here