အရှေ့အလယ်ပိုင်း အမေရိကန် ဒုံးကျည် ကာကွယ်ရေး စံနစ်အား အီရန်ဝေဖန်

alt

အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ ဒေသတွင် ဒုံးကျည် ကာကွယ်ရေး စံနစ်များ ဖြန့်ကျက် ထားမည့် အမေရိကန်၏ စီမံကိန်းမှာ နိုင်ငံရေး အမြတ်ထုတ်မှု တခုသာ

ဖြစ်ကြောင်း အီရန် ထိပ်သီး နိုင်ငံရေးသမား တဦးက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

ဖေဖော်ဝါရီလ (၂)ရက် နေ့က အီရန် ပါလီမန် အဖွဲ့ဝင် အလီလာရီဂျနီက ပါရှန်းပင်လင် ကွေ့ အ တွင်း ယခုကဲ့သို့ ဒုံးကျည် ကာကွယ်ရေး အခြေစိုက် စခန်းများ ဖြန့်ကျက် ထားခြင်း သည် အမေရိကန် အတွက် ဒုက္ခပိုများ ယုံသာ ဖြစ်လာစေမည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် ပင်လယ်ကွေ့ ဒေသအတွင်း နိုင်ငံများသည်လည်း အမေရိကန်၏ စီမံကိန်းမှာ လုံခြံုရေး ကို အကြောင်းပြ ထားသော်လည်း နိုင်ငံရေး အမြတ်ထုတ်မှု တခု ဆိုသည်ကို နားလည် သဘော ပေါက် သင့်ကြောင်း အလီက ဆက်လက် ပြောဆိုသွားခဲ့သည်။ အမေရိကန်က ပင်လယ်ကွေ့ အ တွင်း ဒုံးကျည် ကာကွယ်ရေး စံနစ်များ တိုးချဲ့လိုက်ခြင်းသည် အီရန်၏ ခြိမ်းခြောက်မှု အတွက် အကာအကွယ် ရစေကြောင်း ပြောဆို ထားသော်လည်း အီရန် အစိုးရ ကမူ မိမိတို့သည် ဒေသတွင်း အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်နေဆဲ ဖြစ်ကြောင်း ကြေညာလိုက်သည်။

အလီက ပင်လယ်ကွေ့ နိုင်ငံများ အနေနှင့် ၎င်းတို့၏မြေတွင် အမေရိကန် စစ်စခန်း များအား ထားရှိရန် ခွင့်မပြု သင့်ကြောင်းလည်း တိုက်တွန်းခဲ့သည်။ ထို့အပြင် ပင်လယ် ကွေ့ ဒေသအတွင်း အမှန်တကယ် ဖြစ်နေသော ပြဿနာမှာ အမေရိကန်များ ရောက်ရှိနေခြင်းသာ ဖြစ်ပြီး အမေရိကန် တပ်များ ပိုမိုများပြား လာလေလေ၊ ပြဿနာ ကြီး ထွား လာလေလေ ဖြစ်လိမ့်မည်ဟုလည်း အလီက ပြောကြားသွားခဲ့သည်။

အမေရိကန်သည် အီရန်အား နျူကလီးယား လက်နက်များ ထုတ်လုပ်ရန် ပြင်ဆင်နေကြောင်း အခိုင်အမာ ယုံကြည် နေပြီး ပင်လယ်ကွေ့ ဒေသအတွင်း ဆော်ဒီအာရေဗျ နှင့် UAE တို့ အပါအဝင် မဟာမိတ် နိုင်ငံများတွင် ဒုံးကျည် ကာကွယ်ရေး စံနစ်များ အဆင့်မြှင့်ရန် ဆောင်ရွက်လာခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here