အင်တာနက် သုံးခြင်းနှင့် စိတ်ကျရောဂါ ဆက်စပ်မှုများ ရှိနေ

alt

အင်တာနက်ကို အလွန်အကျွံ စွဲစွဲ လန်းလန်း သုံးစွဲနေခြင်းနှင့် စိတ်ကျ ရောဂါ စွဲကပ်ခြင်း တို့ကြား ခိုင်မာသော ဆက်စပ်မှုများ ရှိနေ ကြောင်း ပညာရှင်များက

ပြောကြားခဲ့သည်။

Psycho pathology ဆေးပညာ ဂျာနယ်က ဖော်ပြချက်အရ ၎င်းတို့၏ စာဖတ် ပရိသတ် များထံမှ ကောက်ခံသော စစ်တမ်းတွင် (၁.၂) ရာခိုင်နှုန်းက အင်တာနက်ကို အလွန်အကျွံ သုံးစွဲသူများ ဖြစ်သည်ဟု ဖြေဆိုခဲ့ပြီး အများစု သည် စိတ်ဓာတ်ရေးရာ အခြေအနေ နိမ့်ပါး နေကြောင်း သိရှိရသည်။

အင်္ဂလန်နိုင်ငံ၊ လိဒ် တက္ကသိုလ်မှ လေ့လာရေး အဖွဲ့သည် ယခု ဆက်စပ်မှု၏ အဓိကကျသော အကြောင်းရင်းကို တိတိ ကျကျ မပြောနိုင်သော်လည်း အင်တာနက် အသုံးများသူ များသည် စိတ် ပိုင်းဆိုင်ရာ ပြဿနာများနှင့် ဆက်စပ်နေ သည်ကို ခိုင်ခိုင်လုံလုံ လေ့လာ တွေ့ရှိထားကြောင်း ပြော ဆို ထားကြသည်။

ယခု ကိစ္စတွင်လည်း Online မှတဆင့် လူ (၁၃၁၉)ဦးက သဘောထား ပေးခဲ့ခြင်း ဖြစ်ပြီး အင်တာ နက် သုံးစွဲမှုနှင့် စိတ်ကျခြင်း ပြဿနာကြား ဆက်စပ်မှုကို ပိုမိုထင်ရှား လာစေခဲ့သည်။ ယင်း သဘောထား ကောက်ခံမှုကို (၁.၂) ရာခိုင်နှုန်း ဖြစ်သည့် လူ (၁၈)ဦးက ပြန်ကြား ခဲ့ပြီး ၎င်းတို့သည် အင်တာနက်ကို အလွန်အကျွံ သုံးစွဲလေ့ရှိကြောင်း ဝန်ခံခဲ့သည်။ ပြန်ကြားသူ များသည် အသက် (၁၆)နှစ်မှ (၅၁)နှစ် အတွင်း ဖြစ်ကြပြီး အများအားဖြင့် (၂၁)နှစ် အရွယ်များက အင်တာနက်တွင် အခုံမင်ဆုံး ဖြစ်ကြောင်း သုတေသီများက ဆိုသည်။

ယင်းတို့သည် လိင်မှုကိစ္စနှင့် အခြားသော ကိုယ်ရေးကိုယ်တာ များထက်ပင် Web စာမျက်နှာ များ၌ အချိန်ဖြုန်းလေ့ ရှိကြောင်း သိရသည်။ လေ့လာမှုများ အရ ယင်းတို့ အနက် အများစုသည် စိတ်ကျမှုဒဏ်ကို ခံနေရသလို စိတ်ဓာတ် ခွန်အားမှာလည်း သာမန်ထက် ယုတ်လျော့လျှက် ရှိကြောင်း ဆရာဝန်များက ဖော်ထုတ် တွေ့ရှိခဲ့ကြသည်။ သုတေသီ များ၏ အဆိုအရ အင်တာနက် အပေါ် အလွန်အကျွံ မှီခို နေသူများသည် ပတ်ဝန်းကျင် လူ့ အသိုင်းအဝိုင်း နှင့်လည်း တစထက် တစ ဝေးကွာ သွားစေတတ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here