Google Nexus One မိုဘိုင်းဖုန်းတွင် Multi-Touch စံနစ် အသုံးပြုနိုင်ပြီ

alt

Google ၏ Nexus One မိုဘိုင်းဖုန်းအား Software Update ပြုလုပ် ပေးလိုက်ပြီး နောက် ယခုအခါ Multi-Touch စံနစ်ကို အသုံးပြုနိုင်ပြီ ဖြစ်သည်။

ထို့ကြောင့်လည်း ယခုအခါ Nexus One သည် နာမည်ကျော် Apple ၏ iPhone ကဲ့သို့ Application များကို Touching ပုံစံ အမျိုးမျိုးဖြင့် ထိမ်းချုပ်စေခိုင်း နိုင်တော့ မည် ဖြစ်သည်။

ဥပမာအားဖြင့် Nexus One အား အသုံး ပြုသူ တဦးသည် Screen ပေါ်တွင် လက် ချောင်း နှစ်ချောင်းကို အကျဉ်းအကျယ် ပြုလုပ်ခြင်းဖြင့် Web Page တခုအား Zooming ကို in နှင့် out ပြောင်းလဲမှုမျိုး အလွယ်တကူ ဖန်တီးနိုင်မည် ဖြစ်သည်။

ထို့အပြင် Nexus One ၏ စံနစ်ပိုင်း အားနည်းချက် အချို့ ရှိနေသည့် Bug များအားလည်း ပြုပြင်မှုများကို Update အတွင်း ထည့်သွင်းထားကြောင်း Google က ကြေညာသည်။ Nexus One မှာ အမေရိကန်တွင် ဇန်နဝါရီ လက ပထမဆုံး စတင် ရောင်းချခဲ့ခြင်း ဖြစ်ပြီး မကြာမီ ကာလ အတွင်း ဥရောပတွင်ပါ ဖြန့်ချီသွားမည် ဖြစ်သည်။ Google ၏ အဆိုအရ Update ပြုလုပ် ပြင်ဆင်ပေးမှုတွင် ၎င်း၏ အရေးကြီး ချွတ်ယွင်းချက် တခု ဖြစ်သည့် 3D ချိတ်ဆက်မှု ပြဿနာကိုပါ ဖြေရှင်း ပေးထားကြောင်း သိရှိရသည်။

ထို့အပြင် Google Map လမ်းညွှန်မြေပုံ စံနစ် အတွက်လည်း Night Mode ကိုပါ ထည့်ပေးထားကြောင်း Google က ဆိုသည်။ Google သည် Android မိုဘိုင်းဖုန်း Operating System ကို အောင်မြင်စွာ တီထွင် နိုင်ပြီးနောက် မိုဘိုင်းဖုန်း ဈေးကွက်ကို လွှမ်းမိုးထားသည့် iPhone အား ယှဉ်ပြိုင်သွားရန် Nexus One အား ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here