ဒလိုင်းလားမား နှင့် အိုဘားမား တွေ့ဆုံပါက အမေရိကန်-တရုတ် ဆက်ဆံရေး ပိုဆိုးလာမည်

alt

ဒလိုင်းလားမား ဘုန်းတော်ကြီးနှင့် အမေရိကန် သမ္မတ ဘာရက် အိုဘားမားတို့ တွေ့ဆုံ ဆွေးနွေးမည် ဆိုပါက အမေရိကန် – တရုတ်ကြား ဆက်ဆံရေးမှာ အဆိုးဖက် ပိုရောက် သွားရန်သာ ရှိနေကြောင်း

တရုတ်က အမေရိကန် အစိုးရအား ဖေဖော်ဝါရီလ (၃)ရက် နေ့က သတိပေး ပြောကြားလိုက်သည်။

တိဘက် ဘာသာရေး ခေါင်းဆောင်ကြီးသည် တရုတ် အစိုးရ၏ နံပါတ်(၁) ရန်သူတော် သဖွယ် ရပ် တည်နေပြီး အိုဘားမားက တွေ့ဆုံသွားရန် စီစဉ်ထားသည်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာ ရှိ ဘီဘာတန် ကမူ အမေရိကန် အစိုးရသည် ယင်းကိစ္စအား အစီအစဉ် ရေးဆွဲနေဆဲသာ ဖြစ်ပြီး တိတိကျကျ ရက်သတ်မှတ်မှု မရှိသေးကြောင်း ကြေညာခဲ့သည်။

တရုတ်နှင့် အမေရိကန် တို့သည် တရုတ် အစိုးရက အသိအမှတ် မပြုသည့် ထိုင်ဝမ်သို့ အမေရိကန်က စစ်လက်နက်များ ရောင်းချမှုနှင့် ပတ်သက်ပြီး ဆက်ဆံရေး တင်းမာမှု အချို့ ဖြစ်နေရာ ယခု ပြဿနာသည် ဒုတိယမြောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဘာတန်က သမ္မတသည် ပြီးခဲ့သည့် နှစ်က တရုတ် နိုင်ငံသို့ ရောက်ရှိစဉ် ကတည်းက ၎င်း အနေနှင့် ဒလိုင်းလားမား ဘုန်းတော်ကြီးကို တွေ့ဆုံရန် အစီအစဉ် ရှိကြောင်း အတိအလင်း ပြောဆိုထားခဲ့ပြီး ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

ထို့အပြင် ကိုယ်တော်ကြီးသည့် ဘာသာရေးနှင့် ယဉ်ကျေးမှု အရ လေးစား စံပြုသင့်သည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ ထို တချက်တည်းနှင့်ပင် သမ္မတ အိုဘားမား အနေနှင့် ကိုယ် တော်ကြီးအား တွေ့ဆုံ ဆွေးနွေးရန် လုံလောက်နေပြီ ဖြစ်ကြောင်း ဘာတန်က ပြောဆိုလိုက်သည်။

အမေရိကန်သည် ထိုင်ဝမ်အား ဒေါ်လာ (၆.၄)ဘီလျံဖိုး စစ်လက်နက်များ ရောင်းချရန် သဘောတူညီ လိုက်ပြီးသည်နှင့် တရုတ်ကလည်း အမေရိကန်သို့ စစ်လက်နက် ထုတ် လုပ်ရေး ကုန်ကြမ်းပစ္စည်းများ တင်ပို့မှုကို ဆိုင်းငံ့ ထားလိုက်ရာ နှစ်နိုင်ငံကြား တင်းမာမှုများ ဖြစ်ပေါ်နေခဲ့ရာ ယခု ကိစ္စကြောင့် ဆက်ဆံရေး ပိုမိုအေးခဲ လာဖွယ်ရာ ရှိ ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here