အဲလစ်ရှာကီး ချစ်သူနှင့် စေ့စပ်ပြီ

alt

အဲလစ်ရှာကီး သည် သူမနှင့် တွဲနေသော ချစ်သူ ဆွစ်ဘိဇ် နှင့် စေ့စပ်လိုက်ပြီဟု သိရှိရသည်။ အသက် (၂၉)နှစ် အရွယ် အဆိုတော်သည် Rapper တဦးနှင့်

တေးစီးရီး Producer တဦးဖြစ်သည့် ဆွစ် နှင့် ပြီးခဲ့သည့် သီတင်းပါတ်က ဟာဝိုင်ယီတွင် စေ့စပ်လိုက်ခြင်း ဖြစ်ကြောင်း သူမနှင့် ရင်းနှီး သူများက ဆိုသည်။

ဆွစ်သည် အဲလစ်ရှာ အတွက် (၇)ကာရက်ရှိ စေ့စပ် လက်စွပ်ကိုလည်း လက်ဆောင်အဖြစ် ပေးအပ် ခဲ့သေးကြောင်း အဲလစ်ရှာနှင့် ရင်းနှီး သူများက ပြောကြားခဲ့သည်။ အဲလစ်ရှာသည် ဆွစ်၏ ကမ်းလှမ်းမှုကြောင့် အလွန် ပျော်မြူး နေကြောင်းလည်း သူမ၏ မိတ်ဆွေများက ဆိုသည်။

ဆွစ်သည် ဇနီးဟောင်း R&B ဂီတအဆိုတော် မက်ဟွန်ဒါးနှင့် ကွာရှင်းပြီးနောက် အဲလစ်ရှာ နှင့် တွဲနေခြင်း ဖြစ်သည်။ ဆွစ်နှင့် အဲလစ်ရှာတို့သည် ဒေါ်လာ (၁၄)သန်းခွဲတန် နေအိမ် တလုံးကိုပါ ဝယ် ယူပြီး ဖြစ်ရာ မကြာမီတွင် လက်ထပ်ဖွယ် ရှိကြောင်း သတင်းများက ဆိုသည်။

အဲလစ်ရှာသည် အသက်(၃၀) အရွယ်တွင် ဂီတလောကမှ အပြီးတိုင် အနားယူတော့မည် ဟူသည့် သတင်းများ ထွက် ပေါ်ခဲ့ သေးသော်လည်း သူမက ငြင်းဆန်ပယ်ချ ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here