ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး နစ္စတာရွိုင်း ဟမ်းဘတ်သို့ ပြောင်းရွှေ့

alt

ဟမ်းဘတ်သို့ ပြောင်းရွှေ့ခွင့် ရခြင်း သည် ၎င်း၏ ကမ္ဘာ့ဖလား ပါဝင်ခွင့် မျှော်လင့်ချက် များအား ပြန်လည် ရှင်သန် လာစေကြောင်း ရုဗင် နစ္စတာ ရွိုင်းက ထုတ်ဖော် ဝန်ခံခဲ့ သည်။

အသက် (၃၃)နှစ် အရွယ် ဟော်လန် လက်ရွေးစင် တိုက်စစ်မှူးသည် စပိန်ကလပ် ရီးရဲလ် မက်ဒရစ် တွင် အရံခုံ၌သာ အထိုင်များ နေခဲ့သောကြောင့် ယခု ဇန်နဝါရီလတွင် ဂျာမန် ကလပ်သို့ ပြောင်းရွှေ့လာခြင်း ဖြစ်သည်။

၎င်းသည် အင်္ဂလန် အသင်းများ ဖြစ်သည့် လီဗာပူး နှင့် တော့တင်ဟမ် ဟော့စပါး တို့ထံမှ ကမ်းလှမ်း မှု များကို ရရှိခဲ့သော်လည်း ပုံမှန် နေရာရရေး သေချာ မည့် ဟမ်းဘတ် ကိုသာ ရွေးချယ်ခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် နှင့်အတူ အမြင့်မားဆုံး အောင်မြင်မှုများ ပိုင်ဆိုင်ခဲ့သည့် နစ္စတာရွိုင်း က ရီးရဲလ်တွင် နေရာ ပျောက်နေခြင်းသည် မိမိ၏ (၂၀၁၀) ခုနှစ်၊ ကမ္ဘာ့ဖလားတွင် ဟော်လန် အတွက် ကိုယ်စားပြု ခွင့်ရရေး မျှော်လင့်ချက် များအား သေးသိမ် မှိန်ဖျော့စေခဲ့ကြောင်း ဝန်ခံခဲ့ သည်။

သို့သော်လည်း ဟမ်းဘတ်သို့ အငှားပြောင်းရွှေ့ လာပြီးနောက် ပုံမှန် ခြေစွမ်းကို ပြန်လည် ရရှိလာမည်ဟု ယုံကြည် ကြောင်းလည်း နစ္စတာရွိုင်းက ဆိုသည်။ ဂျာမနီသည် ဥရောပလိဂ် အဆင့်အတန်း သတ်မှတ်ချက်တွင် စပိန်၊ အင်္ဂလန် နှင့် အီတလီတို့ နောက်၌သာ ရှိနေသော်လည်း တပွဲပျမ်းမျှ ပရိသတ်ဦးရေ (၄၂၀၀၀)မျှ ရှိနေသောကြောင့် ကမ္ဘာပေါ်တွင် ပရိသတ်အားပေးမှု အမြင့်ဆုံး လိဂ်ပြိုင်ပွဲ အဖြစ် ရပ်တည်နေသည့် အချက်ကလည်း ဟမ်းဘတ်ကို မိမိ ရွေးချယ်ခဲ့သည့် အကြောင်းရင်း တခုဖြစ်ကြောင်း နစ္စတာရွိုင်းက ထုတ်ဖော် ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here