နေရောင်ခြည်မှ ရသည့် ဗိုက်တာမင် (ဒီ)ကြောင့် အမျိုးသားများ လိင် အရည်အသွေး ပိုကောင်းလာနိုင်

alt

နေရောင်ခြည်မှ ရရှိသော ဗိုက်တာ မင် (ဒီ) သည် အမျိုးသားများ၏ လိင်မှုဆိုင်ရာ အရည် အသွေး အပေါ် ကောင်းကျိုး သက်ရောက် သဖြင့် ပုံမှန် နေပူစာလှုံမှုမျိုး ပြုလုပ်သင့်

ကြောင်း ဩစတြီးယားရှိ ပညာရှင်များက ထောက်ခံပြောဆို ခဲ့ကြသည်။

ဩစတြီးယားနိုင်ငံ ဂရက်ဇီ ဆေးပညာ တက္ကသိုလ် မှ ပညာရှင်များသည် ဗိုက်တာမင် (ဒီ) က အမျိုးသား များ၏ အဖိုဟိုမုန်း ဖြစ်သည့် Testosterone ကို လှုံ့ဆော်နိုင် ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ ကြသည်။

ဗိုက်တာမင် (ဒီ)ကို ငါးကြီးဆီနှင့် အချို့သော အသားများ မှလည်း ဖြည့်တင်း ရရှိနိုင်သည်။ သွေး (၁)မီလီ လီတာ တွင် ဗိုက်တာမင် ဒီ (၅၀)နာနို ဂရမ်ထက် ပိုမိုမြင့်မားစွာ ပါဝင်သော အမျိုးသားများ တွင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြင့်မားစေသည့် Testosterone ပမာဏ သာမန်ထက် (၆၉) ရာခိုင်နှုန်း မြင့်တက် နေကြောင်း ယခု လေ့လာမှုကို ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ဟော်လန် နိုင်ငံ နေရောင်ခြည်ဆိုင်ရာ လေ့လာရေး အဖွဲ့မှ အက်ဘရင်းက ပြောကြားခဲ့သည်။

Testosterone သည် သုက်ရည် ထုတ်လွှတ်မှု၊ လိင်အင်္ဂါ ဖွဲ့စည်း တည်ဆောက်မှု တို့တွင် အဓိက ကျကျ လိုအပ် နေသော ဟိုမုန်းလည်း ဖြစ်သည်။ လူ၏ အရေပြားသည် နေရောင်ခြည်ရှိ ခရမ်းလွန် ရောင်ခြည်မှ ဗိုက်တာမင် (ဒီ) ဓာတ်ကို လက်ခံရယူပြီး ခန္ဓာကိုယ် အတွင်းသို့ ထောက်ပံ့ ပေးနိုင်သောကြောင့် ပုံမှန် နေပူစာလှုံသော အမျိုးသား များ အနေနှင့် Testosterone လျော့နည်းမှုကြောင့် ဖြစ်နိုင်သော ပန်းသေ၊ ပန်းညှိုးခြင်း ကဲ့သို့ ပြဿနာများ ကို ရှောင်လွှဲနိုင်မည်ဟု သုတေသီများက ထောက်ခံ ပြောဆိုလိုက် သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here