မလေးအတိုက်ခံ ခေါင်းဆောင် အန္နဝါ အီဘရာဟင် လိင်တူ ဆက်ဆံမှုဖြင့် တရားရင်ဆိုင် ရပြန်ပြီ

alt

အမျိုးသားချင်း လိင် ဆက်ဆံမှု ပြုလုပ်ခဲ့သည် ဟူသော စွပ်စွဲချက် အတွက် မလေးရှား အတိုက်အခံ ခေါင်းဆောင် အန္နဝါ အီဗရာဟင် မှာ ဖေဖော်ဝါရီလ (၃)ရက် နေ့တွင်

စတင် တရားယှဉ်ဆိုင် နေရပြီ ဖြစ်သည်။

အန္နဝါ က ယခု ကိစ္စသည် အစိုးရက ၎င်း၏ နိုင်ငံရေး သိက္ခာကို နင်းချေရန် ဖန်တီးထား သည့် လုပ်ကြံမှု တခုသာ ဖြစ်ကြောင်း ပြော ကြားသွားခဲ့သည်။ ကွာလာလမ်ပူ ဗဟို တရား ရုံးတွင် ပြုလုပ်သည့် တရား ရင်ဆိုင်မှုသည် အန်ဝါ၏ ရှေ့နေများက နည်းပညာဆိုင်ရာ ချွတ်ယွင်း အားနည်းချက်များ အပေါ်ထောက်ပြ ဆိုင်းငံ့ထားမှုကြောင့် ယခု အချိန်မှသာ စတင် စစ်ဆေးနိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အန္နဝါ ၏ ရှေ့နေများက ယခု ကိစ္စအတွက် ဆေးမှတ်တမ်းများ မပြည့်စုံမှု အပါအဝင် အခြားသော အားနည်းချက် များကို ထောက်ပြ အရေး ဆိုထားသည်။ တရားသူကြီး မိုဟာမက် ဇာဘီဒင် ဒီဟာ က အန္နဝါ ကိုယ်တိုင် တက်ရောက် အစစ်ဆေးခံသည့် တရားခွင်တွင် နှစ်ဖက်စလုံးမှ ရှေ့နေများ၏ လျှောက်လှဲချက်များအား ဂရုတစိုက် နားထောင်ခဲ့ ကြောင်း သိရှိရသည်။

အန္နဝါ သည် အသက် (၂၄)နှစ် အရွယ် ရွေးကောက်ပွဲ စည်းရုံး လှုံ့ဆော်ရေး လုပ်အားပေး တဦးဖြစ်သူ ဆိုင်ဖူ ဘူခါရီ အက်ဇလန်နှင့် (၂၀၀၈) ခုနှစ်၊ ဇွန်လ (၂၆)ရက် နေ့က ကိုယ်ပိုင်ကွန်ဒို တခုအတွင်း လိင် ဆက်ဆံမှု ပြုလုပ်ခဲ့ကြောင်း စွပ်စွဲမှုများနှင့် ကြံုတွေ့ နေရခြင်း ဖြစ်သည်။ ဆိုင်ဖူသည် နောက် နှစ်ရက် အကြာတွင် ထိုကိစ္စအား ရဲထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အန္နဝါ ကမူ ယခုစွဲချက်သည် ဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ ကြိုးကိုင်မှုသာ ဖြစ်ပြီး အတိုက်အခံဖြစ်သည့် မိမိအား အပြုတ်ဖြုတ်ရန် လီဆယ် ဉာဏ်ဆင်ထားခြင်း ဖြစ်ကြောင်း ကန့်ကွက် ပြောဆိုထားသည်။ အသက် (၆၂)နှစ် အရွယ် အန္နဝါ အတွက် နိုင်ငံရေးသမား ဘဝတွင် ယင်းပြဿနာမျိုး ဒုတိယမြောက် ကြံုတွေ့ရခြင်းဖြစ်သည်။

အန္နဝါ သည် (၁၉၉၈)ခုနှစ် ကလည်း ယင်း၏ မိသားစုအတွက် တာဝန် ထမ်းဆောင်နေသည့် ယာဉ်မောင်းအား လိင် ဆက်ဆံ ပြုကျင့်ခဲ့သေးကြောင်း စွပ်စွဲ ခံခဲ့ရသေးပြီး မလေးရှား တရားရုံးက (၂၀၀၄) ခုနှစ်တွင် ယင်း အမှုအား  ပ, လပ် ခဲ့သည်။ မွတ်ဆလင် နိုင်ငံတခု ဖြစ်သည့် မလေးရှားတွင် ယင်း ကိစ္စအား ကြီးမားသော ရာဇဝတ်မှု အဖြစ် သတ်မှတ်ထားကာ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် အနှစ်(၂၀) အထိ ချမှတ်နိုင်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here