ပါကစ္စတန် မြောက်ပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား

alt

ပါကစ္စတန် နိုင်ငံ အနောက် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် သေဆုံး ခဲ့သူများတွင် နိုင်ငံခြားသားများ ပါဝင် ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောဆိုလိုက် သည်။

ပါကစ္စတန် ရဲဌာနက အနောက် နိုင်ငံများမှ ထောက်ပံ့ရေး လုပ်သား (၃)ဦးသည် လမ်းဘေး ဗုံး ပေါက်ကွဲမှုအတွင်း သေဆုံးသူ (၆)ဦးတွင် ပါဝင်နေကြောင်း ပြောကြား သွားခဲ့သည်။

ဖေဖော်ဝါရီလ (၂)ရက် နေ့က သတင်းထောက် များနှင့် ထောက်ပံ့ရေး လုပ်သားများ လိုက်ပါလာသည့် စစ်တပ်ယာဉ်တန်း တခုမှာ လမ်းဘေးဗုံး ထိမှန်ခဲ့ရာ ကျောင်း သူ မိန်းကလေးများ အပါအဝင် လူ (၄၅)ဦးထက် မနည်း ဒဏ်ရာများ ရရှိ သွားခဲ့ရသည်။ ဒါရာ အနိမ့်ပိုင်းဒေသမှာ ယမန်နှစ် အတွင်း ပါကစ္စတန် စစ်တပ်က တာလီဘန် စစ်သွေးကြွများကို အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အရပ်လည်း ဖြစ်သည်။

ယခု ယာဉ်တန်းသည် မိန်းကလေးကျောင်း တခုတွင် ကျင်းပသည့် အခမ်းအနား တရပ်သို့ ဦးတည် သွားရောက် နေစဉ် ပြင်းထန်လှသည့် ဗုံးဒဏ်နှင့် တိုးသွားခြင်းဟု ရဲဌာနက ပြောကြားခဲ့သည်။ ကိုတိုရှိ ကျောင်းရှေ့မှ ယာဉ် တန်း ဖြတ်ကျော်စဉ် ပေါက်ကွဲမှုကြောင့် အနီးအနားရှိ ကလေးငယ်များပါ ဒဏ်ရာရကုန်ခြင်း ဖြစ်ကြောင်း ပါကစ္စတန် စုံထောက်များက ပြောကြားခဲ့သည်။

ယာဉ်တန်းသည် မေဒန်သို့ ဦးတည်နေပြီး ယင်းဒေသသည် တာလီဘန် လိုလားသူများ ထူထပ် များပြားနေဆဲ နေရာ တခု ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here