ပထမ ကမ္ဘာစစ်မှ တစ်ဦတည်းကျန် အမေရိကန် စစ်ပြန်ကြီး အသက် ၁၀၉နှစ်ပြည့်

alt

ပထမ ကမ္ဘာစစ်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ သည့် တဦးတည်းသော ကျန်ရှိနေသည့် အမေ ရိကန် စစ်ပြန်ကြီးသည် ယခုအခါ အသက် (၁၀၉)နှစ် တင်းတင်း ပြည့်မြောက် သွားပြီ ဖြစ်သည်။

ဖေဖော်ဝါရီလ (၁)ရက် နေ့က အသက် (၁၀၉)နှစ် ပြည့်မြောက်ခဲ့သည့် အဖိုးအို ဖရန့်ဘတ်ကယ်က အမေရိကန် ကွန်ဂရက်အား ပထမကမ္ဘာစစ် အထိမ်းအမှတ် နေရာအဖြစ် သတ်မှတ်ရန် လျာထားနေရာ နှစ်ခုအား ရွေးချယ်နေမှုကို အလျင်အမြန် ဆောင်ရွက် ပေးရန် တိုက်တွန်း ခဲ့သည်။

အနောက် ဗာဂျီးနီးယားရှိ ၎င်း၏ လယ်တော အိမ်လေးတွင် နေထိုင်သည့် အဖိုးအို ဖရန့်က ကွန်ဂရက်တွင် အချိန် ကြာမြင့်စွာ ဆုံးဖြတ်ရ ခက်နေသည့် အထိမ်းအမှတ် နေရာအတွက် ဝါရှင်တန် မြို့တော်၊ အမျိုးသား ခန်းမ အနီး နေရာကို ရွေးချယ်ရန် အကြံပြု လိုက်ကြောင်း ပြောကြားခဲ့သည်။ကွန်ဂရက်သည် ယင်း အထိမ်းအမှတ် နေရာ ကို ကင်းန်ဆတ် စီးတီးတွင် ပြုလုပ်ရန်လည်း လျာထားဆဲ ဖြစ်သည်။

ဖရန့်သည် ပထမ ကမ္ဘာစစ် အတွင်းက ကော်ပိုရယ် အဆင့်ဖြင့် ဥရောပတွင် စစ်မှုထမ်းခဲ့ပြီး အဓိက အားဖြင့် လူနာ တင်ကား မောင်းနှင်ရန် တာဝန် ယူခဲ့ရသည်။ ၎င်းသည် (၂၀၀၈) ခုနှစ်က ပြုလုပ်သည့် စစ်မှုထမ်းဟောင်းနေ့ အခမ်းအနားတွင် အယ်လင်တန် အမျိုးသား သင်္ချိုင်းမြေသို့ လာရောက်ကာ ၎င်း၏ လက်တွဲဖော်ဟောင်း များအား ဂါရဝပြုရင်း အမှတ်တရ အထိမ်းအမှတ် နေရာကို ရွေးချယ်ပေးရန် စတင် တိုက်တွန်းခဲ့သည်။

ဖရန့်က ယင်းကိစ္စသည် မိမိ၏ တာဝန်အဖြစ် ခံယူထားကြောင်း၊ အဘယ်ကြောင့် ဆိုသော် ၎င်းသည် အမေရိကန်တို့ မေ့လျော့နေပြီ ဖြစ်သည့် ပထမ ကမ္ဘာစစ် ကာလမှ စစ်သည် မိမိတဦးတည်းသာ ကျန်ရှိနေသည့် စစ်မှုထမ်း ဖြစ်နေ သောကြောင့်ဟု CNN သတင်းဌာနသို့ ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here