ဘရာဇီး အုန်းရည် လုပ်ငန်းတွင် မက်ဒေါနား ရင်းနှီးမြှုပ်နှံ

alt

မက်ဒေါနားသည် ဘရာဇီး နိုင်ငံ ထုတ် အုန်းရည် လုပ်ငန်းတွင် ဒေါ်လာ (၁.၅)သန်း ရင်းနှီး မြှုပ်နှံ လိုက်ကြောင်း သိရှိရသည်။ အသက် (၂၃)နှစ် အရွယ် ဘရာဇီးမော်ဒယ် ဂျီးဆက်လက်စ် နှင့် တွဲနေသော Pop အဆိုတော်

အတွက် ယခုကိစ္စမှာ တောင်အမေရိက နိုင်ငံ အတွင်း ဒုတိယမြောက် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံ မှုလည်း ဖြစ်လာခဲ့သည်။

Vita Coco ကုမ္ပဏီတွင် ရင်းနှီးငွေ ထည့်ဝင်ခြင်းကြောင့် အဆိုပါ လုပ်ငန်းတွင် ပါဝင်ရင်းနှီး ထားသည့် ဂိုင်းအော့ ဆာရီ၊ မက်သရူး မက်ဂေါတနီ နှင့် ဒယ်မီမိုး တို့ပြီး နောက်ဆုံး ပါဝင်သည့် Celebrity အဖြစ် မက်ဒေါနားက မှတ်တမ်းဝင် သွားခဲ့ပြီ ဖြစ်သည်။

မက်ဒေါနားသည် (၂၀၀၉) ခုနှစ်က သူမ၏ Stick & Sweet ဖျော်ဖြေပွဲ အတွက် ဘရာဇီးသို့ ရောက်လာစဉ် ထို အုန်းရည်အား ပထမဆုံး သောက်ကြည့်ရာမှ အလွန်နှစ်သက် သွားကြောင်း၊ သူမသည် Vita Coco မတိုင်မီက တံဆိပ်စုံ ကော်ဖီများအား သောက်လေ့ ရှိသော်လည်း ယခုအခါ Vita Coco ကိုသာ စွဲစွဲမြဲမြဲ သောက်နေကြာင်း ကုမ္ပဏီမှ တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

ထို့အပြင် ယခု ရင်းနှီး မြှုပ်နှံမှုကြောင့် ဘရာဇီးတွင် မက်ဒေါနား၏ ပရိသတ်များ ပိုမိုများပြား လာဖွယ်ရှိကြောင်း သတင်းများက ခန့်မှန်း ဖော်ပြခဲ့ကြသည်။ Vita Coco ကုမ္ပဏီ ၏ အဆိုအရ ယင်းတို့၏ အုန်းရည်ကို သောက်သုံး ခြင်းဖြင့် ကိုလက်စထရောကို လျော့ချနိုင်ပြီး ဆီးချိုကို တားဆီးနိုင်ကြောင်း၊ ခန္ဓာကိုယ် ဇီဝ ဖြစ်စဉ်များကို တိုး တက် ကောင်းမွန်စေသလို ကိုယ်ခံအား စံနစ်ကိုလည်း အားကော်င်း ခိုင်ခံ့စေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here