အာကာသ အတွင်းသို့ အီရန် ဂြိုလ်တုလွှတ်တင်

alt

အီရန် နိုင်ငံသည် ဂြိုဟ်တု ဒုံးပျံ တခုအား အောင်မြင်စွာ လွှတ်တင် လိုက်နိုင်ပြီဟု နိုင်ငံပိုင် ရုပ်မြင် သံကြားဌာနက ကြေညာခဲ့ သည်။ Al Alam သတင်းဌာန က

ယင်း ဒုံးပျံသည် ကိုဗော့ရှာဂါ ၃ ဂြိုဟ်တုကို သယ်ယူသွားကြောင်း ပြောဆို သွားခဲ့သည်။

ယခု ဒုံးပျံသည် စမ်းသပ် တီထွင်ထားသည့် ဆေးတောင့် ပုံစံမျိုးဖြစ်ကြောင်း သတင်း ဌာနက ကြေညာခဲ့သော်လည်း အသေးစိတ် အချက်အလက် များကိုမူ မဖော်ပြ သွားခဲ့ချေ။ တဟီရန် အစိုးရ၏ ဆောင်ရွက်မှုသည် နျူကလီး ယား နှင့် ဆက်စပ်နေသော အီရန် ဒုံးကျည် နည်းပညာ အတွက် အနောက် နိုင်ငံများ၏ စိုးရိမ်မှုကို ပိုမိုမြင့်တက် လာစေဖွယ် ရှိနေခဲ့ပြီ ဖြစ်သည်။

အီရန်သည် ဖေဖော်ဝါရီလ (၃)ရက် နေ့တွင် ဂြိုဟ်တု (၃)ခုနှင့် ဂြိုဟ်တု သယ်ယာဉ် တခုအား လွှတ်တင်မည်ဟု ကြိုတင် ကြေညာထားလိုက်ပြီး၊ ယင်းသည် ကမ္ဘာပတ်လမ်း အတွင်း ဂြိုဟ်တု လွှတ်တင်ရေး နည်းပညာနှင့် ပတ်သက်ပြီး အီရန်၏ ပြည်တွင်း သုတေသဆိုင်ရာ ပထမဆုံး အောင်မြင်မှုလည်း ဖြစ်လာခဲ့သည်။ ထို ကြေညာချက်အား အစ္စလာမ်မစ် တော်လှန်ရေး နှစ်ပတ်လည် ကာလတွင် အီရန် အစိုးရက ကြေညာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နှင့် အနောက်အုပ်စု နိုင်ငံများသည် အီရန်က နျူကလီးယား လက်နက်များ တည်ဆောက် လာနိုင်သည်ကို စိုးရိမ်နေသော်လည်း အီရန်ကမူ စွမ်းအင်ကဏ္ဍ အတွက်သာ နျူကလီးယားကို ထုတ်လုပ်သွားမည်ဟု ပြောကြားနေဆဲ ဖြစ်သည်။

အီရန် သမ္မတ မာမွတ် အာမက် ဒီနီဂျက်က မိမိတို့သည် သန့်စင်မှု လျော့နည်းသော ယူရေနီယမ်ကို ပြည်ပ နိုင်ငံ များသို့ တင်ပို့ပြီး စွမ်းအင် ကဏ္ဍအတွက် လိုအပ်သော သန့်စင်မှုအဆင့် မြင့်မားသည့် ယူရေနီယမ် နှင့် လဲလှယ်သွား ရန် အဆင်သင့် ရှိနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here