နယူးယောက်မြို့ ယာဉ်ကြောထူထပ်ရာ လမ်းမပေါ်သို့ လေယာဉ်ငယ် အရေးပေါ်ဆင်းသက်

alt

အမေရိကန်ရှိ ကားလမ်းမ တခုတွင် လေယာဉ်တစင်းကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ (၁)ရက် နေ့က အငှား မောင်းနှင်လာသည့် ဆက်စနာ အမျိုးအစား

တလုံးထိုး အင်ဂျင်တပ် လေယာဉ်ငယ်သည် နယူးယောက် မြို့တော်အနီးရှိ ယာဉ်ကြော ထူထပ်သည့် လမ်းမကြီးပေါ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရာမှ ယခုလို ပိတ်ဆို့မှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

လမ်းတလျှောက်တွင် ကားပေါင်း(၆၀၀၀၀၀) မှ (၇၀၀၀၀၀)မျှ အထိ ရပ်တံ့ကုန်ကြောင်း၊ သို့သော် ယာဉ်တိုက်မှု သတင်း တစုံတရာ မရရှိသလို ဒဏ်ရာရသူလည်း မရှိကြောင်း တာဝန်ရှိသူ များကဆို သည်။ ယင်း လေယာဉ်သည် စက်ချွတ်ယွင်းမှု ပေါ်ပေါက် လာပြီးနောက် လေယာဉ်မှူးက လမ်းပေါ် တွင် ယာဉ်ကြော အထူထပ်ဆုံး အခြေအနေ၌ပင် အရေးပေါ် ဆင်းသက်ရန် အရဲစွန့် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

၎င်းသည် လေယာဉ် ဆင်းလာသဖြင့် လမ်းတလျှောက် ကားပေါင်းများစွာ ရပ်သွားသည့်နောက် ရေဒီယို မှတဆင့် ဖီလာဒဲဖီးယား အသံလွှင့်ဌာနသို့ ယာဉ်ကြောများ ပိတ်ဆို့ နေကြောင်း ကိုယ်တိုင် သတင်းပို့ခဲ့သေးသည်။ တာဝန်ရှိသူ များ၏ အဆိုအရ လေယာဉ်ပျံကြောင့် ယာဉ်တန်းကြီး ရပ်သွားသည်မှာ အရှည်တမိုင်ခွဲ မျှရှိကြောင်း သိရှိရသည်။

ရဲမှူး ဂျိုးအော်လန်ဒို က လေယာဉ်မှူးသည် အကောင်းဆုံး စွမ်းဆောင်မှု တခုကို ပြုလုပ်ကာ လေယာဉ်အား ဘေးကင်းကင်းနှင့် ဆင်းသက် နိုင်ခဲ့ကြောင်း၊ သို့သော်လည်း မိမိ ကြောင့် ဖြစ်လာသည့် ပြဿနာကို ကိုယ်တိုင် သတင်းထောက် လုပ်ကာ ဖော်ပြခဲ့ခြင်း ကိုမူ စိတ်ပျက်မိကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here