တပတ်အတွင်း အကြိမ်ရေ အများဆုံး Download စံချိန်တွင် တေလာဆွစ် နံပါတ်တစ် ချိတ်နေ

alt

တပါတ်အတွင်း အကြိမ်ရေ အများ ဆုံး Download လုပ်ခံရသည့် သီချင်း စာရင်း တွင် တေလာ ဆွစ် က ဘရစ်တနီစပီးယား အား အလဲ ထိုးလိုက်ပြီ ဖြစ်သည်။

တေလာ ၏ သီချင်းသစ် Today Was A Fairytale သည် တပါတ်အတွင်း အကြိမ် ပေါင်း (၃၂၅၀၀၀) ကျော် Download လုပ် ဝယ်ယူ အားပေးမှုကို ကြံုခဲ့ရသည်။

ယင်း ပမာဏသည် ဘရစ်တနီ အကြီးအကျယ် အောင်မြင်ခဲ့သည့် Womanizer သီချင်းအား တပါတ်အတွင်း အကြိမ်ပေါင်း (၂၈၆၀၀၀) အထိ Download လုပ်ခြင်းထက် အပြတ်အသတ် သာလွန်နေခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် ကီရှာ၏ Tik Tok မှာမူ အမေရိကန်တွင် အရောင်း ရဆုံး အဖြစ် နံပါတ်(၁) နေရာမှ ရပ်တည်နေဆဲ ဖြစ်ကြောင်း Billboard တွင် ဖော်ပြထားသည်။

ယင်းသည် Billboard တွင် ရက်သတ္တပါတ် (၆)ပါတ် ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်နေခြင်း ဖြစ်သည်။ ကီရှာသည် ဂရမ်မီဆုရှင် ပူပူနွေးနွေး တေလာထက် အသာရနေဆဲ ဖြစ်သော်လည်း မကြာမီတွင် တေလာ၏ သီချင်းသစ်က Billboard ၏ ထိပ်ဆုံးနေရာကို သိမ်းပိုက်သွားဖွယ် ရှိနေသည်။ လေဒီဂါဂါ ကမူ Bad Romance ဖြင့် တတိယ နေရာတွင် ရပ်တည်နေသည်။ ယန်းမန်းနီး ၏ BedRock နှင့် ဂျက်စတင် ဘီဘာဘေဘီ ၏ Ludacris တို့က ထိပ်ဆုံး နံပါတ်(၅) နေရာတွင် ပါဝင်လျှက် ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here