ဆိုမားလီးယား အစိုးရ ဆန့်ကျင်ရေး အဖွဲ့နှင့် အယ်လ်ကိုင်းဒါး တို့ ပူးပေါင်းလိုက်

alt

ဆိုမာလီယာရှိ အစိုးရ ဆန့်ကျင် သော ခွဲထွက်ရေး စစ်သွေးကြွ အယ်ရှာဘက် အဖွဲ့က အယ်လ် ကိုင်းဒါး တို့နှင့် ပူးပေါင်းလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာ ခဲ့သည်။

အယ်လ်ကိုင်းဒါး တို့ ကမ္ဘာနှင့် အဝှမ်းတွင် ဂျီဟတ် ဘာသာရေး စစ်ပွဲများ ဆင်နွှဲနေသလို မိမိ တို့သည်လည်း အာဖရိကတွင် ဆင်နွှဲ သွားမည်ဟု အယ်ရှာဘက် အဖွဲ့က ကြေညာ ခဲ့သည်။

ယခင်က ယင်းအဖွဲ့သည် အယ်လ်ကိုင်းဒါး တို့နှင့် ဆက်နွယ်နေကြောင်း အမေရိကန် အစိုးရ၏ စွပ် စွဲမှု များကို အမြဲတစေ ငြင်းဆန် နေခဲ့ရာမှ ယခုအခါတွင်မူ အယ်လ်ကိုင်းဒါး နှင့် အတည်ပြုပူးပေါင်း လိုက်ကြောင်း အယ်ရှာ ဘက် က ကြေညာသည်။

အယ်ရှာဘက် တပ်ဖွဲ့သည် မိုဂါဒစ်ရှူးတွင် နိုင်ငံတကာ အစောင့်အရှောက် တပ်များအောက် ခိုလှုံ နေရသည့် ဆိုမာလီယာ အစိုးရအား လွန်ခဲ့သော နှစ်ပေါင်း (၂၀)လုံးလုံး တိုက်ခိုက်နေခဲ့ပြီး ဆိုမာလီယာ နိုင်ငံ၏ ဒေသ အတော်များများကို သိမ်းပိုက်ထားခဲ့သည်။ အယ်ရှာဘက် တို့သည် အယ်လ်ကိုင်းဒါး အပြင် ကမ်ဘိုနီ ခေါ် ပြောက်ကျား  အဖွဲ့တခုနှင့်လည်း မဟာမိတ် အဖြစ် ရပ်တည်သွားမည် ဖြစ်ကြောင်း အတည်ပြု ကြေညာသည်။

ဆိုမာလီယာ နိုင်ငံ အစိုးရသည် ကုလသမဂ္ဂ နှင့် အာဖရိက ယူနီယံတို့၏ စောင့်ရှောက်မှု အောက်တွင် ရှိနေရပြီး မြို့တော် မိုဂါဒစ်ရှူး ပြင်ပ ဒေသများတွင် အစိုးရ၏ အချုပ် အခြာမှာ (၁၉၉၁)ခုနှစ် ကတည်းက ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here