ဇနီးဟောင်းအား ကြွက်ဖြင့် ခြောက်လှန့်ခဲ့သည့် ဆွီဒင်နိုင်ငံသား အဖမ်းခံရ

alt

ဆွီဒင် ရဲတပ်ဖွဲ့သည် ဇနီးဟောင်း၏ ပျော့ကွက်ကို အသုံးချပြီး ခြောက်လှန့်ခဲ့သော လူတဦးအား ဖမ်းဆီး ထားလိုက်သည်ဟု သိရှိရသည်။ စတော့ဟုမ်း ရဲတပ်ဖွဲ့က အဆိုပါ ပုဂ္ဂိုလ်သည် ၎င်း၏ဇနီး ဟောင်း နေထိုင်ရာ

အခန်းထဲသို့ ဇနီးဖြစ်သူ အလွန် ကြောက်လန့်သော ကြွက်(၁၉)ကောင်ကို မောင်းထည့် လိုက် ကြောင်း။ ရဲဌာန တာဝန်ရှိသူ လားလစ်ဘာဂျာက အသက် (၃၇)နှစ် အရွယ် အမျိုးသမီးသည် ဇန်နဝါရီ လ (၃၁)ရက်နေ့ နံနက်ခင်း အိပ်ရာမှ နိုးထ လာချိန်တွင် သူမ၏ အခန်းတခုလုံး သူမ အလွန် ကြောက်လန့်သည့် အမွေးထူထူ အကောင်ငယ်များနှင့် ပြည့်နှက်နေသည်ကို မျက်ဝါး ထင်ထင် တွေ့မြင် လိုက်ရကြောင်း ပြောကြားခဲ့သည်။

အလွန် ထိတ်လန့်စွာ အော်ဟစ်နေခဲ့သည့် အမျိုးသမီးမှာ ယခုတိုင် အကြောက် မပြေသေးဘဲ ဆေးရုံတက် ကုသနေရဆဲ ဖြစ်သည်။ ထို့နောက်တွင် ရဲများသည် ယင်း အမျိုးသမီးနှင့် ကွာရှင်း ထားသည့် အသက် (၅၉)နှစ် အရွယ် ခင်ပွန်းဟောင်းအား ခေါ်ယူ မေးမြန်းရာ ယင်းက ကြွက်များ ကို ဖမ်းဆည်းကာ စာထည့်သည့် အပေါက် မှတဆင့် တိုက်ခန်းထဲ ရောက်အောင် ပို့ခဲ့ကြောင်း ဝန်ခံ ခဲ့ရာ ရဲများက ၎င်းကို ဖမ်းဆီးထား လိုက်သည်။

ထို့နောက် ရဲများသည် ကြွက်များကို တကောင်မကျန် လိုက်ဖမ်းရင်း အလုပ်များခဲ့ကြောင်း လစ်ဘာ ဂျာ က ဆိုသည်။ ထိုသူက ကြွက်များကို ပြန်တောင်း နေကြောင်းလည်း လစ်ဘာဂျာက ပြောကြားခဲ့ သည်။

ယင်း ပုဂ္ဂိုလ်သည် ကြွက်များ အပေါ်တွင်ရော၊ ဇနီးဟောင်း အပေါ်တွင်ပါ ရက်ရက်စက်စက် ပြုမူခဲ့ခြင်း ဖြစ်ကြောင်း ရဲကဆိုသည်၊ တာဝန် ရှိသူများက ဆုံးဖြတ်ချက် တစုံ တရာ မချမှတ်မီ ၎င်း၏ ရှေ့ရေးကို မပြောနိုင်သေးကြောင်း လစ်ဘာဂျာက ဖြည့်စွက် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here