ဩစတြေးလျ အိုးပင်း တင်းနစ်ပြိုင်ပွဲ ရော်ဂျာဖယ်ဒရာ ဗိုလ်စွဲ

alt

ကမ္ဘာ့တင်းနစ် လောကတွင် အောင် ပန်းဆင် နေသည့် ရော်ဂျာ ဖယ်ဒရာ သည် ၎င်း၏ အကောင်းဆုံး စံချိန် များကို ဩစတြေးလျ အိုးပင်း တွင် ဆက်လက် ထိန်းသိမ်း ထားနိုင် ခဲ့ပြန်ပြီ ဖြစ်သည်။

ဇန်နဝါရီလ (၃၁)ရက် နေ့က ယှဉ်ပြိုင် ကစားခဲ့သည့် နောက်ဆုံး ဗိုလ်လုပွဲတွင် အသက် (၂၈)နှစ်ရှိ ဆွစ်ဇာလန် နိုင်ငံသားက ဗြိတိန် တက်လူ အင်ဒီမူရေးအား (၃)ပွဲပြတ် အနိုင် ကစားကာ ဩစတြေးလျ အိုးပင်းဆု ဖလားကြီး ကို သိမ်းပိုက် သွားခဲ့သည်။

မဲဘုန်းမြို့၏ ပြင်းပြသော အပူချိန်ကြောင့် အသက် (၂၃)နှစ် အရွယ် မူရေးမှာ လွန်စွာ ရုန်းကန်ခဲ့ရ ပြီး ကမ္ဘာ့နံပါတ်(၁) တင်းနစ် ချန်ပီယံအား (၆-၃)၊ (၆-၄)၊ (၇-၆) ဖြင့် ဒူးထောက် အညံ့ခံလိုက် ရသည်။ မူရေးသည် တတိယ ဂိမ်းSetတွင် အကောင်းဆုံး ဦးဆောင် ခဲ့သော်လည်း ဖယ်ဒရာက နောက်မှနေ၍ အကောင်းဆုံး လိုက် ကစားပြီး Tiebreak ရိုက်ကာ အနိုင်ယူ သွားနိုင်ခြင်း ဖြစ် သည်။

Tiebreak အဖြစ် ဖယ်ဒရာနှင့် မူရေးတို့မှာ (၁၃-၁၁) အထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသည်။ ယခုပွဲ အနိုင ်ကြောင့် ဖယ်ဒရာသည် ဂရင်းဆလင်း ပြိုင်ပွဲကြီးများတွင် (၂၂)ကြိမ် ဗိုလ်လုပွဲတက်ပြီး (၁၆)ကြိမ် ဗိုလ်စွဲနိုင်သည့် စံချိန်ကောင်းကို ရရှိခဲ့ပြီ ဖြစ်သည်။ ယင်းသည် မူရေးအား အနိုင်ယူပြီး ဂရင်းဆလင်း ပြိုင်ပွဲကြီး တခုတွင် ဗိုလ်စွဲ ခြင်းမှာ ယခု အကြိမ်သည် ဒုတိယမြောက် ဖြစ်သည်။

(၂၀၀၈)ခုနှစ်၊ အမေရိကန် အိုးပင်းတွင်လည်း ဖယ်ဒရာက မူရေးအား အနိုင်ရကာ ဗိုလ်စွဲ ခဲ့ဖူးသေးသည်။ စကော့ နယ်သား မူရေးသည် ဗြိတိန်နိုင်ငံသား တဦးအနေနှင့် (၇၄)နှစ် အတွင်း ပထမဆုံး ဂရင်းဆလင်း ဆုတခု ရရှိ ဆွတ ်ခူးနိုင်ရေး အသည်းအသန် ကြိုးပမ်းခဲ့သော်လည်း အရေးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here