အမေရိကန် လက်နက်များ ထိုင်ဝမ်ကို ရောင်းချမှု တရုတ်ကန့်ကွက်

alt

တရုတ်နိုင်ငံ အနေနှင့် အမေရိကန် က ထိုင်ဝမ် အား ဒေါ်လာ (၆.၄) ဘီလျံဖိုး လက်နက်များ ရောင်းချရန် သဘောတူညီ ခဲ့မှုအား ကန့်ကွက် သည့် အနေနှင့် တရုတ်နိုင်ငံမှ

စက်မှုပစ္စည်းများ အမေရိကန်သို့ တင်ပို့မှုကို ဆိုင်းငံ့ထား မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခု ကိစ္စသည် အမေရိကန်၏ အကြီးဆုံး လေယာဉ် ထုတ်လုပ်ရေး လုပ်ငန်းကြီး ဖြစ်သည့် Boeing အား ထိခိုက် လာစေဖွယ် ရှိနေခဲ့ပြီ ဖြစ်သည်။ Boeing သည် ၎င်းတို့၏ Boeing 787 လေယာဉ် များ ထုတ်လုပ်ရန်နှင့် အခြားသော လေယာဉ်များတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း စုစုပေါင်း ပမာဏ ၏ (၃)ပုံ (၁)ပုံခန့်ကို တရုတ်မှ တင်သွင်း မှာယူနေရခြင်း ဖြစ်သည်။

Boeing တာဝန်ရှိသူများက ယခု ကိစ္စသည် အစိုးရချင်း ဖြေရှင်းရမည့် ကိစ္စသာ ဖြစ်နေပြီး မိမိတို့အား ထိခိုက် လာမှု မရှိစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ တရုတ် အစိုးရသည် ထိုင်ဝမ် အား နိုင်ငံတခု အနေနှင့် လုံးဝ အသိအမှတ် မပြုဘဲ မိမိတို့၏ လက်အောက်ခံ ဒေသအဖြစ်သာ သတ်မှတ်ထားသည်။

သို့သော်လည်း အမေရိကန်က မိုင်းရှာယာဉ်များ၊ Black Hawk ရဟတ်ယာဉ်များ၊ ဒုံးကျည် နှင့် ထောက်လှမ်းရေး စံနစ်များ ထိုင်ဝမ်သို့ ရောင်းချရန် သဘောတူညီ ခဲ့ပြီး နောက် တရုတ်နိုင်ငံက ယခုလို တုန့်ပြန် လာခဲ့ခြင်း ဖြစ် သည်။ Boeing ကုမ္ပဏီက ၎င်းတို့သည် တရုတ် အစိုးရထံမှ ပို့ကုန်များ လွှဲပြောင်းမှု ဆိုင်းငံ့ ပိတ်ပင်မည့် Notice မျိုးကိုမူ မရရှိသေးကြောင်း အတည်ပြု ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here