အာရှတိုက်မှ မိုက်ကယ်ဂျက်ဆင် အထိမ်းအမှတ်ပြပွဲ မကာအိုတွင် ကျင်းပ

alt

အာရှတိုက်ရှိ မိုက်ကယ်ဂျင်ဆင် အထိမ်းအမှတ် ပထမဆုံးပြပွဲကို မကာအိုတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ (၁)ရက်နေ့က မကာအိုရှိ Ponte 16 ကာဆီနို ဟိုတယ်ကြီးတွင် ပြု လုပ်သည့်

ပြပွဲအတွင်း သွားလေသူ Pop ဂီတ ဘုရင်ကြီး၏ အထိမ်းအမှတ် ပစ္စည်း (၄၀)ကျော်ကို တစုတဝေး တည်း ပြသခဲ့သည်။

ယင်းတို့အနက် ဂျက်ဆင် ဝတ်ဆင်ခဲ့သည့် နာမည်ကျော် လက်အိတ်ကိုလည်း ထည့်သွင်း တင်ပြထား ခဲ့သည်။ ယခုပြပွဲသည် ဂျက်ဆင်အတွက် ရည်စူးပြုလုပ်သည့် အာရှတိုက်၏ ပထမဆုံး ပြပွဲဖြစ်သည်။ ဂျက်ဆင် ဝတ်ဆင်ခဲ့ဖူးသော ပုံဆောင်ခဲများဖြင့် အလှဆင်ထားသည့် ခြေအိတ် တစုံကိုလည်း ပြပွဲ တွင် တွေ့မြင်နိုင်မည် ဖြစ်သည်။

Holy Grail of Michael Jackson Memorabilia ဟု အမည် ပေးထားသည့် ယင်းပြပွဲသည် ဂျက်ဆင်၏ ပရိသတ်များအား အထူး ဆွဲဆောင်နိုင်ကြောင်း တာဝန်ခံများက ဆိုသည် ။

ဖေဖော်ဝါရီလ (၁)ရက် နေ့က ပြုလုပ်သည့် ပြပွဲဖွင့်လှစ်မှု အခမ်းအနားသည် ကျေနပ်စရာ ကောင်း လောက်အောင် လူစည်ကား ခဲ့ကြောင်း၊ ယခုပြပွဲကြောင့် ကမ္ဘာလှည့် ခရီးသည်များအား ပိုမို ဆွဲ ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း Ponte 16 ဟိုတယ်မှ တာဝန်ရှိသူများက ထုတ်ဖော် ပြောဆို ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here