တာလီဘန် ခေါင်းဆောင် သေဆုံးဆိုမှု ပါကစ္စတန် အစိုးရ စုံစမ်းလျက်ရှိ

alt

ပါကစ္စတန် အစိုးရက နိုင်ငံ နယ်စပ်တွင် တပ်စွဲ ထားသည့် တာလီဘန် တို့၏ ခေါင်းဆောင် ဖြစ်သူ သေဆုံးသွားပြီ ဆိုသော သတင်းများ အပေါ် အာရုံစိုက် စုံစမ်းနေကြောင်း ကြေညာ ခဲ့သည်။

တာလီဘန် ခေါင်းဆောင် ဟာကီမူလာမာဆက် သည် ဇန်နဝါရီလ အလယ်က အမေရိကန် မောင်းသူမဲ့ လေယာဉ် တစင်းက ပစ်ခတ် လိုက်သော ဒုံးကျည်ကြောင့် သေဆုံးသွားပြီဟု ကောလဟာလများ ထွက်ပေါ်နေခြင်း အပေါ် မိမိတို့ အသေးစိတ် လေ့လာနေကြောင်း အမည် မဖော်သူ ပါကစ္စတန် စစ် ဖက်ထိပ်တန်း အရာရှိတဦးက ဇန်နဝါရီလ (၃၁)ရက် နေ့တွင် ကြေညာခဲ့သည်။

၎င်းက မာဆက်သည် ဇန်နဝါရီလ (၁၅)ရက် နေ့က တိုက်ခိုက်မှုအတွင်း အပြင်းအထန် ဒဏ်ရာ ရရှိ ပြီးနောက် ကွယ်လွန်သွားခဲ့ကြောင်း၊ ယင်း၏ ရုပ်အလောင်းကို အာဖဂန်နစ္စတန် နှင့် နယ်စပ်ရှိ တာလီဘန်တို့ လွှမ်းမိုးထားသည့် နေရာတခုတွင် မြှုပ်နှံလိုက်ပြီဟု ယူဆရကြောင်း ထောက်လှမ်းရေး သတင်းများကို မိမိတို့ ရရှိထားသည်ဟု ယင်းအရာရှိက ပြောကြားသွားသည်။

သို့သော်လည်း အမေရိကန်ရော၊ ပါကစ္စတန် ကပါ မာဆက်တယောက် သေသည် ရှင်သည်ဆိုသော တိတိကျကျ အထောက်အထားကို မရရှိသေးကြောင်း ဝန်ခံ ထားလိုက်ကြသည်။ ပါကစ္စတန်တွင် တာလီဘန် တို့အား အစိုးရနှင့် အတူ ချေမှုန်းနေသည့် စီမံကိန်းတွင် ပါဝင်သော အမေရိကန် အရာ ရှိတဦးက ယခုကိစ္စသည် မာဆက်၏ လှည့်ကွက် တခု ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ခဲ့သည်။

မိမိတို့ အားလုံးသည် ကောလဟာလများ အပေါ်တွင် အခြေခံ၍သာ အလုပ် လုပ်နေရခြင်း ဖြစ် ကြောင်း ၎င်းကဆို သည်။ လွန်ခဲ့သော (၆)လ ကလည်း မာဆက် မတိုင်မီ တာလီဘန် တပ်ဖွဲ့ခေါင်း ဆောင်ရာထူးကို ရယူခဲ့သည့် ဘေတူ လာ မာဆက် မှာလည်း အမေရိကန် တို့၏ ဒုံးကျည်ထိမှန်ပြီး သေဆုံး သွားခဲ့ဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here