ဂရမ်မီ ဆုပေးပွဲ ဘီယွန်းဆေးနိုးလ် ဆုများစွာ ဆွတ်ခူး

alt

(၅၂) ကြိမ်မြောက် ဂရမ်မီ ဆုနှင်း သဘင်တွင် ဘီယွန်းဆေးနိုးလ် က ဆု(၆)ခု ရရှိကာ အကြီး အကျယ် အောင်မြင်မှု ရရှိခဲ့သည်။ အသက် (၂၇)နှစ်အရွယ် အဆိုတော်သည်

လော့စ်အိန်ဂျယ်လိစ် တွင် ဇန်နဝါရီလ (၃၁) ရက်နေ့က ကျင်းပသည့် ရုပ်ရှင် ထူးချွန်ဆု ပေးပွဲအား လွှမ်းမိုး နိုင်ခဲ့သည့်တိုင် ဆု ရွေးချယ်ပွဲ၏ အမြင့်မားဆုံး၊ ဂုဏ်အရှိဆုံး ဆုဖြစ်သည့် အကောင်းဆုံး အယ်ဘမ်ဆု ကိုမူ ဆယ် ကျော်သက် အဆိုတော်မလေး တေလာ ဆွစ်က ပိုင်ဆိုင်နိုင်ခဲ့သည်။

အသက် (၁၉)နှစ်ရှိ တေလာသည် အကောင်း ဆုံး အယ်ဘမ်ဆုကို သူမ၏ Fearless အယ်လ်ဘမ် ဖြင့် ရရှိခဲ့သလို အကောင်းဆုံး Country အယ်လ်ဘမ် အပါအဝင် စုစုပေါင်း ဆု(၄)ခု ဆွတ်ခူး နိုင ်ခဲ့သည်။ ဘီယွန်းဆေး ရော၊ တေလာ ပါ ယခုပွဲတွင် အကြီးအကျယ် အောင်မြင်မည်ဟု ကြိုတင် နာမည်ကြီး နေပြီး ဘီယွန်းဆေးက ဆန်ခါတင် အဆင့်တွင် ဆု(၁၀)ခုစာ အတွက်လည်းကောင်း၊ တေလာ က ဆု(၈)ခုစာ အတွက်လည်းကောင်း အမည် စာရင်း တင်သွင်း ခံထားရသည်။

ဘီယွန်းဆေးသည် (၂၀၀၄) ခုနှစ် ဂရမ်မီ ဆုပေးပွဲ တွင်လည်း ဆု(၅)ခုကို တပြိုင်တည်း သိမ်းကျံုး ရ ယူခဲ့ဖူးသည်။ King of Leon ကမူ တနှစ်တာ အတွက် အကောင်းဆုံး Record ဆုကို Use Somebody အတွက် ရရှိခဲ့သည်။ လေဒီဂါဂါ ကလည်း ဂရမ်မီတွင် ဆုနှစ်ခုရပြီး အောင်ပွဲဆင် နိုင်ခဲ့သလို အကောင်းဆုံး လူသစ်တန်း အဆိုတော်အဖြစ် Zac Brown Band က ရွေးချယ်ခံ ခဲ့ရ သည်။ Black Eyed Peas အဖွဲ့က ဆု(၃)ခု ရခဲ့သလို ဘီယွန်းဆေး၏ ခင်ပွန်းဖြစ်သူ ရက်(ပ်)ပါ ဂျေးဇီး ကလည်း အကောင်းဆုံး Rap အဆိုတော်အဖြစ် ဆုရသွားသည်။

မက်စ်ဝဲလ် ကလည်း ၎င်း၏ ဘဝတွင် ပထမဆုံး ဂရမ်မီဆုကို အကောင်းဆုံး အမျိုးသား R&B အဆိုရှင် အဖြစ် ဆွတ်ခူးနိုင်ခဲ့သည်။ ဆန်ဖရန်စစ္စကို ဆင်ဖိုနီ အဖွဲ့ကလည်း ဆု(၃)ခုကို ပိုင်ဆိုင် နိုင်ခဲ့ သေးသည်။ ဆုပေးပွဲတွင် မိုက်ကယ်ဂျက်ဆင်၏ အထူးပြုလုပ်ချက် 3D ဗီဒီယိုတခုကို ပြသကာ ၎င်း၏ Earth Song ကို အာရှာ၊ ကယ်ရီအန်ဒါဝုဒ်၊ ဆီလင်းဒီယွန်၊ ဂျင်နီဖာဟက်ဆန် နှင့် စမော့ကီရော်ဘင်ဆင် တို့က သီကျူးကာ ကွယ်လွန်သူ Pop ဘုရင်ကြီးအား ဂုဏ်ပြုခဲ့ကြသည်။ ဂျက်ဆင်၏ သားသမီးများ ဖြစ်သည့် ပရင့်နှင့် ပဲရစ်တို့သည် ဖခင်ကိုယ်စား တသက်တာ မော်ကွန်းဝင် ဂုဏ်ပြု ဆုတံဆိပ်အား ဂရမ်မီဆု ပေးပွဲတွင် လက်ခံ ရယူ ခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here