ရူနီ၏ ပရီးမီးယားသွင်းဂိုး ၁၀၀ပြည့် နှင့်အတူ အာဆင်နယ်အား မန်ယူ အနိုင်ရ

alt

ဝိန်းရူနီက ပရီးမီးယားလိဂ် သွင်းဂိုး အလုံး (၁၀၀)မြောက် နှင့်အတူ မန်ချက်စတာ ယူနိုက်တက်သည် မဟာပြိုင်ဖက် အာဆင်နယ် အား အဝေးကွင်းတွင် အနိုင်ယူပြီး

အမှတ်ပေး ဇယား ထိပ်ဆုံးရှိ ချဲလ် ဆီးအား ဆက်လက်ဖိအား ပေးနိုင်ဆဲ ဖြစ်သည်။

ယခုပွဲတွင် လက်ရှိချန်ပီယံ ကလပ် အသင်းက အာဆင်နယ်အား (၃-၁) ဖြင့် အနိုင်ယူခဲ့ရာ ရူနီက ဒုတိယဂိုးကို သွင်းယူ ပေးခဲ့သည်။ ယူနိုက်တက် နည်းပြကြီး ဆာအဲလက်(စ်) ဖာဂူဆန် သည် အသင်း ၏ တိုက်စစ်မြှားဦးတွင် ရူနီ တဦးတည်းကိုသာ တင်ထားသည့် နည်းဗျူဟာ ကို အသုံးပြုခဲ့သလို အာဆင်နယ် ကလည်း အင်ဒရီအက်ရှဗင် တဦးတည်းကို တိုက်စစ်တွင် ကစားစေခဲ့သဖြင့် နှစ်သင်း လုံးမှာ ကွင်းလယ်တွင် အားပြိုင်မှု ပြင်းထန် ခဲ့သည်။

ယူနိုက်တက် အတွက် အကောင်းဆုံး ခြေစွမ်း ပြသွားသည့် ပေါ်တူဂီ တောင်ပံလူ နာနီက ဖြတ်ပို့သည့် ဘောလုံးကို အာဆင်နယ် ဂိုး သမား အီမန်နျူရယ် အယ်မူနီယာ ကိုယ့်ဂိုး ကိုယ်သွင်းမိသဖြင့် အဖွင့်ဂိုး ရရှိပြီးနောက် ရူနီက ဒုတိယဂိုးကို ခြေစွမ်းပြ သွင်းယူခဲ့ခြင်း ဖြစ်သည်။ ယူနိုက်တက် အတွက် နောက်ဆုံး ဂိုးကိုမူ တောင်ကိုရီးယားမှ ပက်ဂျီဆန်က ရယူ ပေးခဲ့သည်။

အိမ်ရှင် အသင်းအတွက် သိက္ခာဆည် ချေပဂိုး ကိုမူ ဘယ်ဂျီယံ နောက်တန်းသမား သောမတ် ဗာမေလန်က ပွဲပြီး ခါနီးတွင် ရယူပေးခဲ့သည်။ ယခုပွဲ အရှုံးကြောင့် အာဆင်နယ်မှာ တတိယနေရာ အထိ ဆင်းပေးလိုက်ရပြီ ဖြစ် သည်။

ပွဲအပြီးတွင် ယူနိုက်တက် နည်းပြကြီး ဖာဂူဆန်က နာနီ နှင့် ရူနီတို့၏ ခြေစွမ်းကို ချီးကျူးခဲ့ပြီး ၎င်း ၏ အသင်းသည် ချန်ပီယံဘွဲ့ကို ကာကွယ်ရန် အကောင်းဆုံး ခြေစွမ်းအား ပိုင်ဆိုင်နေပြီ ဖြစ် ကြောင်း ကြံုးဝါး ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here