အင်ဒိုနီးရှား စက်လှေ နစ်မြုပ်မှု လူ၈ဦး သေဆုံးဟု ကြေညာ

alt

ပြီးခဲ့သည့် လက အင်ဒိုနီးရှား နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် စက်လှေ နစ်မြုပ်မှုကြောင့် အနည်းဆုံး လူ (၈)ဦး သေဆုံးသွားကြောင်း ကယ်ဆယ်ရေး တပ်ဖွဲ့များက ဖေဖော်ဝါရီလ (၁)ရက် နေ့တွင် ကြေ ညာခဲ့သည်။

နိုင်ငံ အရှေ့ပိုင်း မိုလူးကက်တွင် ဇန်နဝါရီလ (၂၇)ရက် နေ့က လူ(၃၃)ဦး တင်ဆောင်လာသော စပိဘုတ် တစင်း နစ်မြုပ်ခဲ့ရာ ယခုအချိန်ထိ အလောင်း (၈)လောင်းကို ရှာဖွေ တွေ့ရှိခဲ့ပြီး ဖြစ် သည်။

ထို့အပြင် နောက်ထပ်လူ (၂၄)ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး မျှော်လင့်ချက် နည်းနေပြီဟု ကယ် ဆယ်ရေး အဖွဲ့ခေါင်းဆောင် အမင်ဘင်တွန်ကီက တရုတ်အခြေစိုက် Xinhua သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယင်း စက်လှေတွင် ပါသွားသူများ အနက် တရုတ် ခရီးသည် (၂၄)ဦးနှင့် စက်လှေ အမှုထမ်း (၅)ဦးတို့ ပါရှိခဲ့ကြောင်းလည်း Xinhua က ဖော်ပြခဲ့သည်။ စက်လှေ နစ်မြုပ် ချိန်တွင် နေ့လယ်ပိုင်း ဖြစ်ကြောင်း၊ ယင်းစက်လှေသည် အရူ ကျွန်းစုဒေသရှိ ဒိုဘို ဆိပ်ကမ်းမှ စထွက်လာပြီး (၁)နာရီ အကြာတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ စက်လှေ သည် မိုလူးကက် တောင်ပိုင်းရှိ တူအာသို့ ဦးတည် ခုတ်မောင်းခဲ့ခြင်း ဖြစ်ပြီး စက်လှေ နစ်မြုပ်ရသည့် အကြောင်းရင်းအား စုံစမ်းနေဆဲ ဖြစ်ကြောင်း အင်ဒိုအာဏာပိုင် များ က ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here