ဟေတီဆေးရုံ ဆေးခန်းများ ဆေးဝါးပစ္စည်း ပြတ်လပ်လျက်ရှိ

alt

ဟေတီနိုင်ငံရှိ ဆေးရုံနှင့် ဆေးခန်းများတွင် ဆေးဝါး ပစ္စည်းများ ပြတ်လပ်ကုန်ပြီ ဖြစ်သော ကြောင့် ထောင်ပေါင်း များစွာသော ဒဏ်ရာရ ဟေတီ ငလျင်ဘေးသင့် ဒုက္ခသည်များ အတွက် စိုးရိမ်စရာ

ဖြစ်လာရကြောင်း သိရှိရသည်။

ငလျင်ကြောင့် ပျက်စီးနေသည့် ဆေးရုံ နေရာများတွင် ကမာ္ဘ အရပ်ရပ်မှ စေတနာ့ ဝန်ထမ်း ဆရာဝန် များသည် လူနာများအား အင်တိုက်အားတိုက် ပြုစုစောင့်ရှောက် ပေးနေသည့်တိုင် ပို့ဩ ပရင့် မြို့တော်သို့ နိုင်ငံတကာမှ ထောက်ပံ့နေသည့် ဆေးဝါးပစ္စည်း အရေအတွက်မှာ လိုအပ ်သော အတိုင်းအတာ ထက် လျော့နည်းနေဆဲ ဖြစ်သည်။

ကမ်းခြေမြို့လေး ဂျက်မဲရှိ ပျက်စီးနေသော ဆေးရုံကြီးတွင် စေတနာ့ ဝန်ထမ်းအဖြစ် လုပ်အား ပေးနေသည့် ဒေါက်တာ နန်စီဖလောရင့်ဆက် က ယခုအခါ ဆေးရုံက လူနာများအပေါ် ဆေးဝါး ထောက်ပံ့နိုင်မှု မရှိခြင်းကြောင့် လူနာ အများစုသည် သေမင်း၏ တံခါးဝသို့ ရောက်နေသလို ဖြစ်နေရကြောင်း လေ့လာရေး အတွက် ရောက်ရှိလာသည့် ကုလသမဂ္ဂ ကိုယ်စားလှယ် များအား ပြောကြားခဲ့သည်။

ဇန်နဝါရီလ (၁၂)ရက် နေ့က လှုပ်ခတ်သွားသည့် ပြင်းအားအဆင့် (၇)ကျော် ရှိသော ငလျင်ကြီးကြောင့် သေဆုံးသူပေါင်း (၁၇၀၀၀၀) ကျော်၏ အလောင်းများအား ကယ်ဆယ်ရေး များက အပျက်အစီး ပုံများအောက်မှ ဆွဲထုတ်ခဲ့ပြီး ဖြစ်သည်။ ဟေတီတွင် ဆေးဝါး ပြတ်လပ်နေမှု များအတွက် စိုးရိမ်မိကြောင်း နယ်စည်းမခြား ဆရာဝန် များက အဖွဲ့ကလည်း ဝန်ခံလိုက်သည်။

နိုင်ငံတကာ ကြက်ခြေနီ တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ အရာရှိတဦး ဖြစ်သူ ဂျိုးလော်ရီက ဟေတီ၏ ကျန်းမာရေး စောင့်ရှောက်မှု စံနစ်သည် အလွန် ဆိုးရွားသည့် အနေ အထားမျိုး ဖြစ်နေကြောင်း သုံးသပ်ခဲ့သည်။ ကုလသမဂ္ဂ၏ ခန့်မှန်းမှု အရ ငလျင်ကြောင့် အကြီးအကျယ် ဒဏ်ရာရသွားသူ (၂၀၀၀၀၀) ခန့် ရှိနေနိုင်ပြီး ယင်းတို့အနက် အရေးပေါ် ခြေလက်ဖြတ်တောက် ကုသ ပေးရမည့် လူနာများပါ ရှိနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here