ရုရှား မျိုးဆက်သစ် အဆင့်မြင့် တိုက်လေယာဉ် စမ်းသပ်ပျံသန်း

alt

ရုရှား နိုင်ငံသည် ၎င်းတို့၏ ပဥ္စမ မျိုးဆက် အဆင့်မြင့် တိုက် လေယာဉ်ကို စမ်းသပ်နေပြီ ဖြစ်ကြောင်း တရားဝင် ကြေညာ ခဲ့သည်။

ဇန်နဝါရီလ (၂၉)ရက် နေ့က ဆူခွိုင်း T-50 လေယာဉ် အား နိုင်ငံ၏ အရှေ့ပိုင်း ကွမ်ဆွမ် ဆက်အွန် အမူမြို့တွင် (၄၅) မိနစ်ကြာ စမ်းသပ် ပျံသန်းခဲ့ကြောင်း ဆူခွိုင်း၏ ပြောရေးဆိုခွင့်ရ အရာရှိ အလက်ဆီ ပါဗက်ရှန်ကို က ပြောကြား ခဲ့သည်။

T-50 သည် ဆယ်စုနှစ် (၂)ခု အတွင်း ရုရှား၏ အဆင့်အမြင့်ဆုံး တိုက်လေယာဉ် ဖြစ်လာပြီး အမေရိကန်ထုတ် F-22 Raptor ကို အကောင်းဆုံး ယှဉ်ပြိုင် သွားမည်ဟု ရုရှားက မျှော်လင့်ထား ခဲ့ကြသည်။ T-50 အား တီထွင်ခဲ့ရာတွင် အိန္ဒိယ ကလည်း ပူးပေါင်း ပါဝင်ခဲ့ပြီး ခေတ်မီရေဒါ စံနစ်နှင့် တိုက်ခိုက်ရေး လက်နက်ဆန်းများ တပ်ဆင် ထားကြောင်း သိရှိရသည်။

ရုရှား နိုင်ငံသည် ဆိုဗီယက် ယူနီယံ အဖြစ်မှ ပြိုကွဲပြီး နောက်ပိုင်း လက်နက် ထုတ်လုပ်မှု ကဏ္ဍတွင် အနည်းငယ် မှေးမှိန် ခဲ့ရ သော်လည်း T-50 အပေါ် အကြီးအကျယ် မျှော်လင့်နေကြောင်း သိရှိ ရသည်။ ရုရှား သတင်းဌာန များ၏ အဆိုအရ ယင်း တိုက်လေယာဉ်သစ် သည် မိုင်ပေါင်း (၃၄၀၀) အထိ မရပ်မနား ပျံသန်းနိုင်မည် ဖြစ်ကြောင်း ပြောကြားလိုက်ပြီး T-50 များအား ရုရှား တပ်မတော်တွင် (၂၀၁၅) ခုမှ စတင် အသုံးပြုသွား ဖွယ် ရှိကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here