ရီးရဲလ်မက်ဒရစ် မှ ဖာနန်ဒိုဂါဂို အား ရောင်းချသွားမည် မဟုတ်

alt

ရီးရဲလ်မက်ဒရစ် အသင်း အနေနှင့် ဖာနန်ဒို ဂါဂို အား ရောင်းချ သွားမည် မဟုတ်ကြောင်း ကစား သမား ၏ အေးဂျင့်က ဝန်ခံ ပြောကြား လိုက်သည်။

အင်္ဂလန် ကလပ် မန်ချက်စတာ စီးတီးသည် အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူအား ပေါင်စတာလင် (၁၅)သန်း ဝန်းကျင်ဖြင့် ခေါ်ယူရန် ကြိုးပမ်း နေသော်လည်း စပိန် ထိပ်သီးကလပ် က ပယ်ချ လိမ့်မည်ဟု ၎င်း၏ အေးဂျင့် မာဆယ်လို လွမ်ဘီလာ က ပြောကြား ခဲ့သည်။

လွမ်ဘီလာ သည် ရီးယဲလ်အသင်း ဒါရိုက်တာ တဦးဖြစ်သည့် ဂျော့ဗယ်ဒါနို နှင့် ဆွေးနွေး မှုများ ပြုလုပ် ခဲ့ပြီးနောက် ယခုကဲ့သို့ အတည် ပြု ကြေညာခဲ့ခြင်း ဖြစ်သည်။ စီးတီးသည် ဂါဂိုအတွက် ပေါင် (၁၂)သန်းဖြင့် ကနဦး ကမ်းလှမ်းမှု ပြုလုပ် ခဲ့သေးသော်လည်း တကြိမ် ပယ်ချ ခံထားရပြီး ဖြစ်သည်။

စီးတီးနည်းပြ ရောဘတ်တို မန်စီနီသည် အသင်း၏ ကွင်းလယ် အတွက် ဂါဂိုအား အလွန် သဘော ကျနေကြောင်း ဝန်ခံ ထားလိုက်သည်။ ဂါဂိုသည် ယမန်နှစ်က ရီးရဲလ်တွင် ခြေစွမ်းပြ နိုင်ခဲ့ သော်လည်း ယခုနှစ် ဘောလုံးရာသီ အစပိုင်းက စပိန် ကွင်းလယ်လူ ဇာဘီ အလွန်ဆို ရောက်ရှိ လာ ခြင်းကြောင့် ပုံမှန် နေရာရရေး ရုန်းကန် နေရသည်။

လွမ်ဘီလာ က ရီးရဲလ်သည် အောင်မြင်မှုများ ရှာဖွေနေသည့် အသင်း ဖြစ်သောကြောင့် အရည် အသွေးရှိ ကစားသမား များအား ရောင်းချဖွယ် မရှိကြောင်း၊ ဂါဂိုသည် စပိန် ကလပ်တွင်သာ ဆက်ရှိနေမည် ဖြစ်ကြောင်း ESPN အားကစား သတင်းဌာနသို့ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here