ရွေးကောက်ပွဲ ဆန္ဒပြမှု ဦးဆောင် ခဲ့သူများအား အီရန် အစိုးရ သေဒဏ်စီရင်

alt

သမ္မတ ရွေးကောက်ပွဲတွင် ဦးဆောင် ဆန္ဒပြ မှုများ ပြုလုပ်ခဲ့သူ နှစ်ဦးကို သေဒဏ်ပေးလိုက် ပြီး  နောက်ထပ် သေဒဏ် ချမှတ်မှုများ ပြုလုပ် သွားမည်ဟု အီရန် အစိုးရက ကြေညာခဲ့သည်။

ဇန်နဝါရီလ (၂၈)ရက် နေ့က သမ္မတ မာမွတ် အာမက်ဒီနီဂျက် တကျော့ပြန် အာဏာရလာ မှုကို မကျေမနပ်၍ ဆန္ဒပြခဲ့သူများ အနက် ခေါင်းဆောင် (၂)ဦး ဖြစ်သည့် မိုဟာမက် ရာဇာအလီ ဇာမနီ ( အသက်-၃၇နှစ် ) နှင့် အာရက်ရှ် ရာမနီပွှား ( အသက်-၂၀နှစ်) တို့ နှစ်ဦးအား တဟီရန် မြို့တော် ဗဟိုတရားရုံးက သေဒဏ်ချမှတ် လိုက်သည်။

၎င်းတို့သည် ဇွန်လအတွင်း အီရန်လူမျိုး သိန်းနှင့်ချီပြီး အစိုးရအား ဆန္ဒပြခဲ့မှုတွင် ဦးဆောင် ဦးရွက် ပြုခဲ့သူများ ဖြစ်ကြသည်။ အီရန် အစိုးရက လက်ရှိအချိန်တွင် နောက်ထပ် စစ်ဆေးမှုများ ပြုလုပ်နေပြီး ဆန္ဒပြ ခေါင်းဆောင်များအား သေဒဏ်များ ဆက်လက် စီရင်သွားမည်ဟု ကြေညာ ထားသည်။

အီရန်၏ အကြီးမားဆုံး လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ တရားရုံးတွင် ယင်းတို့ နှစ်ဦးအား သေဒဏ် စီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် အစိုးရက အပြင်းအထန် ရှုတ်ချလိုက်ပြီး အီရန် နိုင်ငံသည် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့် ပြည်သူများအား အကြမ်းနည်း ဖြင့် ဖြိုခွဲနေခြင်း ဖြစ်ကြောင်း စွပ်စွဲလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here