Apple ပစ္စည်းသစ် iPad အမည်ကို Fujitsu က ပိုင်ဆိုင်ကြောင်း ကြေညာ

alt

Apple က အသစ် ထုတ်လုပ်မည့် iPad ကွန်ပြူတာ ၏ အမည်ကို မိမိတို့သာ ပိုင်ဆိုင် ကြောင်း Fujitsu က ကြေညာခဲ့သည်။ Apple ၏ CEO ဖြစ်သူ စတိဂျော့ဘ် သည်

ဇန်နဝါရီလ (၂၇)ရက် နေ့ကမှ ကုမ္ပဏီ၏ နောက်ဆုံး ထုတ်ကုန်သစ် ဖြစ်သည့် Touch screen နည်းပညာသုံး ကွန်ပြူတာကို မိတ်ဆက် ပြသခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း iPad ဆိုသော အမည်မှာ ဂျပန် နည်းပညာ ကုမ္ပဏီ Fujitsu က (၂၀၀၂) ခုနှစ် ကတည်းက ထုတ်လုပ် ထားသည့် Computing Device တခု၏ အမည် ဖြစ်နေသည်။ Wi-Fi၊ Bluetooth နှင့် VoIP စံနစ်များ ပါဝင်သည့် ယင်း Device လေးအား ထိုစဉ် ကတည်းက Fujitsu က iPad အမည်ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

ယင်းသည် (၃.၅)လက်မ အရွယ် ရောင်စုံ Touchscreen နှင့် Intel Chip တို့ပါဝင်သော ကိရိယာလေး ဖြစ် သည်။ ယင်းကို ထိုစဉ်က ဒေါ်လာ (၂၀၀၀) ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း Fujitsu က ပြောကြားခဲ့သည်။

Apple အနေနှင့် iPad အား ဈေးကွက် ဖြန့်ချီချိန်တွင် Fujitsu ၏ မူပိုင်ခွင့် အရေးဆိုမှုမှ ရှောင်လွှဲနိုင်ရန် နည်းလမ်း ရှာဖွေရဖွယ် ရှိနေသည်။ ထိုကိစ္စအတွက် အမေရိကန် နည်းပညာ ကုမ္ပဏီကြီး ဖက်မှ တစုံတရာ ပြောဆိုခြင်း မရှိသေးသော်လည်း မူပိုင်ခွင့် အတွက် Fujitsu ထံမှ အမည် ဝယ်ယူမှုကို ပြုလုပ် သွားရဖွယ် ရှိနေ ကြောင်း နည်းပညာ လေ့လာသူများက သုံးသပ် ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here