Windows 7 ရောင်းချခြင်းကြောင့် Microsoft အမြတ်ငွေ စံချိန်တင် မြင့်တက်

alt

Windows 7 အား ထုတ်လုပ် ရောင်းချ ပြီးနောက် Microsoft ကော်ပိုရေးရှင်း၏ အမြတ်ငွေ မှာ စံချိန်တင် အထိ မြင့်တက် လာကြောင်း သိရှိရသည်။

ဒီဇင်ဘာ (၃၁) ရက်နေ့ အထိ စာရင်းတွင် Windows 7 ၏ ဝယ်လိုအား ကြောင့် အမြတ် ငွေ ပမာဏသည် (၁၄) ရာခိုင်နှုန်းမျှ ဖြစ်သည့် ဒေါ်လာ (၁၉)ဘီလျံ အထိ ခုန်တက်သွား ကြောင်း ဖော်ပြပါရှိသည်။

ထို့ကြောင့် တနှစ်အတွင်း အမြတ်ငွေမှာ (၆.၆) ဘီလျံ အထိ တက်လာခဲ့ခြင်း ဖြစ်သည်။ ဝေါစထရိ တွင် Microsoft ၏ ရှယ်ယာတန်ဖိုး စုစုပေါင်းမှာလည်း (၇၄)ဆင့် တက်လာခဲ့သည်။ Microsoft ၏ ငွေကြေးဆိုင်ရာ အမှုဆောင်ချုပ်သစ် ဖြစ်သူ ပီတာကလိန်း က (၂၀၁၀) ခုနှစ် ပထမနှစ်ဝက် အတွင်းမှာပင် Windows 7 အတွက် ကော်ပီပေါင်း သန်း(၆၀)ကျော် ရောင်းချ ခဲ့ရကြောင်း အတည်ပြုခဲ့သည်။

ထို့အပြင် ဒုတိယ နှစ်ဝက်တွင်လည်း Home Premium Version ၏ ရောင်းအားမှာ (၃၅) ရာခိုင်နှုန်း အထိ ထိုးတက်ခဲ့ကြောင်း သိရှိရသည်။ ယခု ပမာဏသည် မိမိတို့ ကြိုတင် ခန့်မှန်းထားသည်ထက် ပိုမို အောင်မြင်ခဲ့ကြောင်း ကလိန်းက ဆိုသည်။ Microsoft သည် Windows Server 2008 ကြောင့်လည်း Server OS လောကတွင် အားကောင်းကောင်းနှင့် နေရာ ယူထားနိုင်ဆဲ ဖြစ်သည်။

သို့သော်လည်း Server OS များ ရောင်းချရမှုတွင် အမြတ်ငွေမှာ ယမန် နှစ်ကထက် (၃)ရာခိုင်နှုန်းမျှ လျော့ကျသွားကြောင်း Microsoft ကဆိုသည်။ Microsoft က (၂၀၁၀) ခုနှစ် အတွင်းတွင်လည်း Windows 7 ၏ ရောင်းအားမှာ ဆက်လက် မြင့်တက်လာမည်ဟု မျှော်လင့်ထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here