ကလေးကို မြှောက်ပေးသည့် အရက်သမား ရဲတပ်ဖွဲ့ ဖမ်းဆီးခြင်း ခံရ

alt

အမေရိကန် နိုင်ငံ၊ ကော်လိုရာဒို ရဲတပ်ဖွဲ့ သည် မိမိ၏ ကလေးများအား ရဲအရာရှိ မျက်နှာကို ကိုက် ခိုင်းခဲ့သည့် အရက်သမား တဦးအား ဖမ်းထား လိုက်ကြောင်း သိရသည်။

McDonald ဟမ်ဘာဂါ ဆိုင်တခုအတွင်း ဇန်နဝါရီလ (၂၇)ရက် နေ့ နံနက်ပိုင်းက ဆိုင်ထဲသို့ ဝင်လာသည့် ရဲအရာရှိကို မြင်သည့် အခါ အရက်သမားက ယခုလို ခိုင်းစေခဲ့ခြင်း ဖြစ်သည်။

အသက် (၂၈)နှစ်ရှိ ဂျိုရှူအာ အယ်ဂရက်က ရဲအရာရှိ၏ မျက်နှာကို စုတ်ပြတ်သွားအောင် ကိုက်ရမည်ဟု ကလေးများအား သင်ပေး နေသောကြောင့် ထို ရဲအရာရှိ ကပင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းက အလွယ်တကူ အဖမ်းမခံ ခြင်းကြောင့် လျှပ်စစ် Taser ကို အသုံးပြု ခဲ့ရကြောင်း သိရသည်။

၎င်းသည် ယခင် ကလည်း ရဲအရာရှိ တဦးအား အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးစားခဲ့ခြင်းကြောင့် အဖမ်းခံ ရဖူးသည့် ပြစ်မှုဟောင်း ရှိပြီး၊ ထိုနေ့က ရဲအရာရှိက အရက်သောက် နေသော ဂျိုရှူအာ အနီးမှ ကလေးများအား ခေါ်သွား ရန် မိခင်ဖြစ်သူအား အကြံပြု ပြောဆိုခဲ့ရာ ဂျိုရှူအာက ဒေါသတကြီးဖြင့် ကလေးများအား ယခုလို သင်ပေးခဲ့ ခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here