ဝက်သားသည် ဗီယာဂရာ ကဲ့သို့ အစွမ်းထက်သည်ဟု အာဂျင်တီးနား သမ္မတ ထောက်ခံ

alt

အာဂျင်တီးနား သမ္မတ က ဝက်သားများများ စားခြင်းသည် ဗီယာဂရာ အားဆေးကို မှီဝဲခြင်း ကဲ့သို့ စွမ်းရည်ထူးများ ရရှိ စေကြောင်း ထောက် ခံခဲ့သည်။

သူမသည် ဘာဘီကျူး ဝက်သားများ စားခြင်း ဖြင့် သူမ၏ ခင်ပွန်းသည်နှင့် ပျော် စရာ ကောင်းသော၊ ကျေနပ်ဖွယ် ဖြစ်သော အချိန် များကို ဖြတ်သန်းနိုင် ခဲ့သည်ဟု သမ္မတ ခရစ္စ တီးနား ဖာနန်ဒက် ကဆိုသည်။

အာဂျင်တီးနား၏ အမျိုးသမီး သမ္မတ က မီး ကင် ထားသော ဝက်သားမှာ ဗီယာဂရာ ကဲ့သို့ အာနိ သင်ထူးများ ရှိနေသည်ကို သူမက လက် တွေ့ကြံုသဖြင့် ယုံကြည်ကြောင်း ပြောကြား သွားခဲ့သည်။ ဝက်သားကင် ကို စားပြီးပြီးချင်း လိင်မှုကိစ္စ မှီဝဲရာတွင် အတွေ့ထူး၊ အရသာထူး များ ပိုင်ဆိုင်ခွင့် ရရှိလိမ့်မည် ဟုလည်း သမ္မတ က ဆိုသည်။

သို့သော်လည်း အာဂျင်တီးနား အစိုးရသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ဝက်သား ထုတ်လုပ်မှု ကဏ္ဍအတွက် စီစစ် တင်းကြပ်မှု များ ပြုလုပ်ခဲ့ခြင်း ကြောင့် နိုင်ငံအတွင်း ဝက်သား ဈေးနှုန်းမှာ ကြီးမြင့် လျှက်ရှိကြောင်း သိရှိရသည်။

သို့သော်လည်း သမ္မတက ဈေးနှုန်း ကြီးမြင့်နေခြင်းကို စိတ်ထဲမထားဘဲ ဝက်သား ကြောင့် မည်သို့ အာနိသင် ရှိနိုင် သည်ကို လက်တွေ့စမ်းသပ် ကြည့်သင့်ကြောင်း ရုပ်မြင် သံကြား အစီအစဉ် တခုမှတဆင့် တိုက်တွန်း ပြောဆိုသွား ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here