ဗစ်တိုးရီးယား နှင့် ဂျင်နီဖာလိုပက်စ် တို့၏ အဝတ်အစား အရွယ် အတူတူပင် ဟုဆို

alt

ယုံရန်ခက်ခက် ဖြစ်နေသည့်တိုင် ဗစ်တိုးရီးယား ဘက်ခမ်းက သူမနှင့် ဂျင်နီဖာလိုပက်စ်မှာ Size အတူ တူပင် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အဆိုတော်နှင့် ဖက်ရှင်ဒီဇိုင်နာ တဦးအဖြစ် ကျော် ကြားခဲ့သူ ဗစ်တိုးရီးယား က တင်ပါး အလှကြောင့် နာမည်ကျော်သော မင်းသမီးနှင့် သူမသည် အဝတ်အစား Size အတူတူပင် ဖြစ်ကြောင်း ဆိုသည်။

အသက် (၃၅)နှစ် အရွယ် Posh က သူမ၏ ခင်ပွန်းသည် အင်္ဂလန် လက်ရွေးစင် ဘောလုံး သမား ဒေးဗစ် ဘက်ခမ်း နှင့် အတူ U.S မဂ္ဂဇင်း အတွက် ဓာတ်ပုံ အရိုက်ခံရင်း အင်တာဗျူး တွင် ယခုလို ပြောကြားသွားခြင်း ဖြစ်သည်။

ယနေ့သူမ ဝတ်ဆင်နေသည့် ဒီဇိုင်းတခုသည် အဆိုတော် ဂျင်နီဖာ အတွက် တီထွင် ပေးခဲ့ ဖူးပြီး ဂျင်နီဖာ ကိုယ်တိုင် ဝတ်ဆင်ခဲ့ကြောင်း၊ သူမတို့နှစ်ဦး ထိုကဲ့သို့ တူညီနေသည်ကို မည်သူမျှ ထင်မည် မဟုတ်ကြောင်း ဗစ်တိုးရီးယား က ပြောဆိုခဲ့သည်။

ထို့အပြင် သူမ တီထွင်ထားသည့် ဝတ်စုံ ဒီဇိုင်းများသည် ခန္ဓာကိုယ် အချိုးအစား အမျိုးမျိုး ကွဲပြားနေသည့် အမျိုးသမီး တိုင်း အတွက် အဆင်ပြေ စေမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သေး သည်။

ဗစ်တိုးရီးယားက သူမနှင့် ဂျင်နီဖာတို့ Size တူဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း (၂၀၀၈) ခုနှစ်၊ စက်တင်ဘာလ အတွင်းက နယူးယောက်ရှိ မက်ဂျက်ကော့ ဖက်ရှင်ပြပွဲတွင် နှစ်ဦးအတူ ယှဉ်ပြီး ရိုက်ကူးထားသည့် ဓာတ်ပုံအရ ကွဲလွဲချက်များ ထင်ထင်ရှားရှား ရှိနေသည်ကို တွေ့ရသည်။

ဗစ်တိုးရီးယားနှင့် ဒေးဗစ်တို့ ဇနီးမောင်နှံသည် U.S မဂ္ဂဇင်း၏ (၁၀) နှစ်ပြည့် အထူးထုတ်တွင် မျက်နှာဖုံးရှင်များ အဖြစ် ပါဝင် ပေးထားကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here